ချစ်ရတဲ့ ပရိသတ်ကြီးရေ.....အများအားကျချစ်ခင်ရတဲ့မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်နဲ့ နိုင်ငံကျော်ဘောလုံးသမားအောင်သူတို့မိသားစုလေးကလည်း အပါအ၀င်ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ယခုဆိုရင် ပါး‌ဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းတဲ့ သားငယ်လေးသဲကိုးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သဲကိုးလေးဟာလည်း ယခုဆိုရင် ၁နှစ်ကျော်သွားပြီဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းလာတာပါနော်။

Photo credit - Poe Ei Ei Khant's Facebook Account

ပိုးအိအိခန့်ဟာဆိုရင် သားသားလေးအပေါ်မှာလည်း ဂရုစိုက်မှုမပျက်သလို အိမ်ထောင်ရှင်မကောင်းတစ်ဦးဖြစ်တဲ့အပြင် အောင်သူဟာလည်း ထူးချွန်တဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ဒါ့အပြင် သားသားလေးသဲကိုးဟာလည်း အမြဲမျက်နှာချိုချိုလေးနဲ့ ချစ်စရာကောင်းနေတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေရတာဖြစ်ပါတယ်။

Photo credit - Poe Ei Ei Khant's Facebook Account

ပိုးအိဟာ သူမတို့မိသားစုပုံရိပ်လေးတွေနဲ့ သဲကိုးလေးရဲ့ဗီဒီယိုလေးတွေကို လူမှုကွန်ယက် စာမျက်နှာက တစ်ဆင့် ပရိသတ်တွေအတွက် တင်ပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့ချစ်စရာသားငယ်လေး သဲကိုးကို သူကြိုက်တဲ့ ဒိန်ချဥ်ကို ကျွေးနေတာဖြစ်ပြီး မေမေ ဇွန်းနဲ့ ခွံ့ကျွေးတိုင်းမှာ ခေါင်းလေးငြိမ့်ပြီး အားရပါးရစားနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Poe Ei Ei Khant's Facebook Account

Photo credit - Poe Ei Ei Khant's Facebook Account

Source & Video credit - Thwin Oo Han's FB PAGE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။