ဆယ်စုနှစ်တွေ များစွာတိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရည်သောင်းပဲ ဖြစ်ပါတယ်။ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအမွေကို အပြည့်အဝ ဆက်ခံရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ မအေးသောင်းဟာ မြန်မာဆန်ဆန်လေးနဲ့လည်း လူတိုင်းရင်ကို အေးမြစေတဲ့ အလှတရားတွေ ပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo Crd- Aye Thaung’s Facebook Account
Photo Crd- Aye Thaung’s Facebook Account
Photo Crd- Aye Thaung’s Facebook Account

မအေးသောင်းတစ်ယောက် လတ်တလော Stay Home ကာလလေးမှာ အိမ်မှာနေရင်း ဗဟုသုတရစေမယ့် စာအုပ်လေးတွေဖတ်ကာ တန်ဖိုးရှိတဲ့ အချိန်လေးတွေ ဖြတ်သန်း ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင်လို့လည်း သူမရဲ့ လှုပ်ရှားမှုလေးတွေကို ဝေမျှပေးတတ်ပါသေးတယ်။ မနေ့ကလည်း မအေးသောင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Aye Thaung’s Facebook Account
Photo Crd- Aye Thaung’s Facebook Account
Photo Crd- Aye Thaung’s Facebook Account

ဒါကတော့ အသားကပ်အင်္ကျီလေးကိုဝတ်ဆင်ထားပြီး ညှို့အားပြင်းပြင်းနဲ့စွဲမက်စရာကောင်းလွန်းနေတဲ့ မအေးသောင်းရဲ့Video လေးပဲ ဖြစ်ပါတယ်။ သူမဟာ Live လွှင့်ကာ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ရင်းရင်းနှီးနှီးစကားတွေပြောနေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် မအေးသောင်းရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aye Thaung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။