ပရိသတ်ကြီးရေ.....ရင်ဖိုဖွယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့မင်းသမီးလေး ခင်လွှမ်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် အချိန်တိုအတွင်းပရိသတ်အားပေး၀န်းရံမှုရရှိထားတဲ့သူလေးပါ။ ဒါ့ပြင်ခင်လွှမ်းဟာ သရုပ်ဆောင်စည်ဖြိုးနဲ့လည်း ကြည်နူးစရာကောင်းတဲ့relationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်နော်။

Photo credit-Khin Hlwan's Facebook acc
Photo credit-Khin Hlwan's Facebook acc

စည်ဖြိုးနဲ့ခင်လွှမ်းဟာလည်း လိုက်ဖက်မှုရှိပြီးရှေ့သွားနောက်လိုက်ညီကာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်းလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ ဆွဲဆောင်မှုရှိတဲ့အမိုက်စားပုံရိပ်တွေနဲ့ tik tokဗီဒီယိုတွေကို မကြာခဏဆိုသလို ပရိတ်သတ်တွေအတွက် တင်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ ခင်လွှမ်းဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း အမြဲလိုလိုဂရုစိုက်လေ့ရှိတာကြောင့် သူမရဲ့ဘော်ဒီအချိုးအစားလေးဟာဆိုရင်လည်း မိန်းကလေးချင်းပါ အားကျရတာပါနော်။

Photo credit-Khin Hlwan's Facebook acc
Photo credit-Khin Hlwan's Facebook acc

မကြာသေးမီကလည်း ခင်လွှမ်းဟာ သူမရဲ့ Facebook accလေးမှာ "တကယ်လုပ်ရင်တကယ်ဖြစ်တယ် But ကိုယ်ကတော့ ဖြစ်မလာသေးလို့ ထပ်ကြိုးစားပါအုံးမယ်" ဆိုတဲ့ captionလေးနဲ့ gymဆော့နေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ဘော်ဒီကျစ်ကျစ်လျစ်လျစ်လေးနဲ့ ခင်လွှမ်းတစ်ယောက်ကတော့ လှပြီးရင်းလှနေတော့တာပါ။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khin Hlwan's Facebook acc
Photo credit-Khin Hlwan's Facebook acc

Source-Khin Hlwan's Facebook acc

Photo credit-Khin Hlwan's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။