ပရိသတ်တွေရဲ့ ရင်ထဲထိ တဖြည်းဖြည်းဝင်ရောက်ကာ နေရာယူထားသူလေးကတော့ ဝါရင့်သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလေး မှုံနံ့သာကျော်ရဲအောင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို လုပ်တာမကြာသေးပေမယ့်လည်း အချိန်တိုအတွင်း အားလုံးရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားနေပြီပဲ ဖြစ်ပါတယ်။ မှုံနံ့သာကျော်ရဲအောင်ဟာ ဖခင်ရဲ့ အနုပညာအမွေတွေကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ ပိုပိုပြီး အသိမှတ်ပြု လက်ခံလာအောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Hmone Nathar’s Facebook Account
Photo Crd- Hmone Nathar’s Facebook Account
Photo Crd- Hmone Nathar’s Facebook Account

သူမဟာ ကြော်ငြာလေးတွေ ရိုက်ကူးနေပြီပဲ ဖြစ်ပြီး လောလောဆယ်တော့ Stay Home ကာလဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာ အနားယူ အပန်းဖြေနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက်လည်း Tik Tok လေးတွေ ဆော့ကစားကာ ဝေမျှပေးတတ်ပါသေးတယ်နော်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မှုံနံ့သာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Hmone Nathar’s Facebook Account
Photo Crd- Hmone Nathar’s Facebook Account
Photo Crd- Hmone Nathar’s Facebook Account

ဒါကတော့ ကမ္ဘာပေါ်မှာအချစ်ရဆုံးဖေဖေ့ရဲ့မွေးနေ့မှာအမှတ်တရပုံလေးတွေနဲ့ဆုမွန်ကောင်းတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ ဦးနိုင်တစ်ယောက် အနုပညာလောကမှာ ဒီထက်မက အောင်မြင်မှုတွေရရှိပြီး မိသားစုနဲ့အတူ နှစ်ပေါင်းများစွာတိုင်အောင် ကြည်နူးပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်နော်။ ပရိသတ်ကြီးလည်း ဒီပို့စ်အောက်မှာ ဦးနိုင်အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောသွားခဲ့ကြပါဦးနော်။

Source and Photo Crd- Hmone Nathar’s Facebook Account 

Photo Crd- Hmone Nathar’s Facebook Account
Photo Crd- Hmone Nathar’s Facebook Account
Photo Crd- Hmone Nathar’s Facebook Account
Photo Crd- Hmone Nathar’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။