ချစ်ရတဲ့ ပရိသတ်ကြီးရေ... အဆိုတော်စန္ဒီမြင့်လွင်ကတော့ ချစ်စရာသမီးလေးကိုမွေးဖွားထားကာ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သီချင်းအမျိုးစားများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit - Sandi Myint Lwin's FB page
Photo credit - Sandi Myint Lwin's FB page

ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ သမီးလေး Treasure ကလည်း တစ်နေ့တစ်ခြား မေမေနဲ့ ပိုပိုတူလာပြီး ၀၀ကစ်ကစ်လေးနဲ့အရမ်းချစ်ဖို့ကောင်းနေတာပါ ။ ပါးပြည့်ပြည့်ဖောင်းဖောင်း ဝဝကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းလွန်းလို့ ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတွေအပြင် ပရိသတ်တွေကပါ သည်းသည်းလှုပ်ချစ်ခင်နေကြတဲ့ ပြည်သူအသည်းကျော်လေးလည်း ဖြစ်ပါတယ်နော်..။

Photo credit - Sandi Myint Lwin's FB page
Photo credit - Sandi Myint Lwin's FB page

ယနေ့မှာတော့ Treasure လေးက ဖေဖေဖြစ်သူ ခွိ့ကျွေးနေတဲ့ ချိစ့်ကို အားရပါးရ စားပြီး အချစ်ပိုအောင် kissပေးနေတာပဲ ဖြစ်ပါတယ်။ အသည်းယားစရာကောင်းလွန်းတဲ့ Treasure လေးရဲ့ ဗီဒီယိုလေးက ကြည့်မိသူပရိသတ်တိုင်းကို အချစ်ပိုမိစေမှာ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း အဆိုပါဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.... ။

Photo credit - Sandi Myint Lwin's FB page
Photo credit - Sandi Myint Lwin's FB page

Source & Video credit - Sandi Myint Lwin's FB page 

Photo credit - Sandi Myint Lwin's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။