သဘာဝမင်းသားလို့ပရိတ်သတ်တွေတင်စားခေါ်ဝေါ်ကြတဲ့ မင်သားချောမြင့်မြတ်ကတော့သာယာပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာဇနီးချောလေးရယ် သားလေးရယ်နဲ့အတူပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။ မြင့်မြတ်ဟာပီပြင်ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှိထားတာဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်းထိုက်ထိုက်တန်တန်ရရှိထားတာပါနော်။ 

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

မြင့်မြတ်ဟာ မာန်မာနမရှိပဲရိုးသားပွင့်လင်းစွာနေထိုင်တတ်တဲ့မင်းသားတစ်ယောက်လည်းဖြစ်ပြီး အလှူအတန်းမှာလည်းရက်ရက်ရောရောနဲ့ လက်မနှေးတဲ့သူဆိုလည်းမမှားပါဘူးနော်။ သားလေးဖြစ်တဲ့မြတ်သူလေးဟာလည်း ဖြူဖြူဖွေးဖွေးလေးနဲ့ချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်ပြီး မြင့်မြတ်တို့မိသားစုလေးဟာလည်း ခရီးတွေမကြာခဏသွားလေ့ရှိကာ စည်းစည်းလုံးလုံးနဲ့ပျော်စရာကောင်းတဲ့မိသားစုလေးပါ။ မြတ်သူလေးဟာလည်း တစ်နေ့တမျိုးမရိုးရအောင်ကို ချစ်စရာပို့စ်‌မျိုးစုံနဲ့ပဲပေးတတ်တဲ့သူလေးပါနော်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

မကြာသေးမီကလည်း မြင့်မြတ်ရဲ့တပည့်ဖြစ်တဲ့ မြတ်ဝေထွန်းဟာ မြတ်သူလေးရဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ မြတ်သူလေးဟာ နေကာမျက်မှန်လေးတပ်ပြီး အပီအပြင်ပို့စ်တွေပေးနေတာပါနော်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Myat Wai Tun's Facebook acc
Photo credit-Myat Wai Tun's Facebook acc

Source-Myat Wai Tun's Facebook acc

Photo credit-Myat Wai Tun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။