ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kညီကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ခဲ့တဲ့ Kညီကတော့ ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ သူကတော့ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်လျက်ရှိနေသလို မိသားစုကိုလည်းအချိန်ပေးလျက်ရှိနေပါတယ်။

Photo Credit: K Nyi ' s facebook acc
Photo Credit: K Nyi ' s facebook acc

သရုပ်ဆောင်ထူးခြားကတော့ ကျရာဇာတ်ရုပ်တွေမှာ အ​ကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူထားနိုင်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေခဲ့ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေတဲ့ ထူးခြားကတော့ ရယ်မောစရာကောင်းတဲ့ Tiktokလေးတွေကိုလည်း ဆော့ကစားလေ့ရှိပါတယ်။ 

Photo Credit: Htoo Charr ' s facebook acc
Photo Credit: K Nyi ' s facebook acc

ထူးခြားနဲ့ Kညီတို့ကတော့ ယခုမှာ နှုတ်ခမ်းလေးတွေစူပြီး နွဲ့နွဲ့နောင်းနောင်းအမူအရာတွေနဲ့ အပီအပြင်သရုပ်ဆောင်ထားတဲ့ အခွီTiktokလေးကို ချပြလာခဲ့ပါတယ်။ကြည့်မိသူတိုင်းကို အူတတ်အောင်ရယ်မောစေခဲ့တဲ့ အဆိုပါTiktokဗီဒီယိုလေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် Kညီနဲ့ထူးခြားတို့ရဲ့ ရယ်မောနေရတဲ့ အခွီTiktokလေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကိုအောက်မှာကြည့်နိုင်ပါတယ်။ 

Source : KNYI ' S TIKTOK ACC 

Photo Credit: Htoo Charr ' s facebook acc
Photo Credit: Htoo Charr ' s facebook acc
@davidknyi

@htoocharrkhaingoo

Apakah Itu Cinta - andikprasetyoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။