ပရိတ်သတ်ကြီးရေ....သွက်လက်တဲ့အမူအရာလေးတွေနဲ့ အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

နေခြည်ဟာ အနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်ပြီး အောင်ရဲလင်းနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ music video (၃)ခုဟာဆိုရင်လည်း အခုလက်ရှိမှာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတာလည်း ဖြစ်ပါတယ်နော်။ နေခြည်ဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း tik tokဗီဒီယိုလေးကို မျိုးစုံရိုက်ကူးလေ့ရှိ‌ပါသေးတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

မကြာသေးမီကလည်း နေခြည်ဦးဟာ သူမရဲ့ Tok accလေးမှာ အင်္ဂလိပ်သီချင်းမြူးမြူးလေးနဲ့ အမိုက်စားကထားတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပြန်ပါတယ်။ နေခြည်တစ်ယောက်ကတော့ သီချင်းအတိုင်း လုံး၀စည်းချက်ညီညီနဲ့ ကနေတာပါ။ ကဲ. ....ပရိသတ်တွေအတွက် နေခြည့်ရဲ့ tik tokဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
@naychioo

miss me ?? ##whatyouknowaboutlove ##tiktokdance ##fyp ##tiktokmyanmar ##naychioo

♬ What You Know Bout Love - Pop Smoke

Source& video Credit-Nay Chi Oo's Tik tok acc

Photo credit-Nay Chi Oo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။