သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သိင်္ဂီထွန်းကတော့ ဇာတ်ကားတွေအများအပြားမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ်ပါဝင်တဲ့သူပါနော်။ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်တတ်လို့ ပရိသတ်တွေကလည်း သူမကိုအားပေးနေကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း သိင်္ဂီထွန်းက အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲဖြစ်ကာ ပရိသတ်တွေရဲ့မေတ္တာနဲ့ရပ်တည်နေတာဖြစ်ပါတယ်နော်။

Photo Credit:Theingi Tun's Facebook Account
Photo Credit:Theingi Tun's Facebook Account
Photo Credit:Theingi Tun's Facebook Account

သိင်္ဂီထွန်းက လူသားချင်းစာနာထောက်ထားတတ်တဲ့စိတ်အပြည့်ရှိပြီး တခြားသူကို အမြဲကူညီတတ်တဲ့သူပါနော်။စိတ်သဘောထားလည်းပြည့်ဝပြီး မာန်မာနမကြီးတတ်လို့ သူမကို ပရိသတ်တွေကအားပေးရကျိုးနပ်နေတာဖြစ်ပါတယ်။အခုလို ကိုဗစ်ကာလမှာလည်း တစ်ချို့သူတွေက အလုပ်အကိုင်တွေခက်ခဲနေတာကြောင့် သူမကတော့ တတ်ဖက်တစ်လမ်းကနေကူညီပေးလိုက်တာဖြစ်ပါတယ်။

Photo Credit:Theingi Tun's Facebook Account
Photo Credit:Theingi Tun's Facebook Account
Photo Credit:Theingi Tun's Facebook Account

သိင်္ဂီထွန်းကတော့"ပထမ ကိုဗစ်ကာလမှာ အလုပ်မရှိထိုင်နေရတဲ့သူတွေကို အလုပ်ပေးတဲ့အနေနဲ့ ဆောက်လိုက်တဲ့ ဒီအိမ်လေး ခုတော့ပြီးပြီ"ဆိုပြီး သူမရဲ့အိမ်လှလှလေးကို မျှဝေလာတာဖြစ်ပါတယ်။သိင်္ဂီထွန်းကလည်း နေချင်စဖွယ်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်သွားသလို ပန်းရံဆရာတွေနဲ့လက်သမားဆရာတွေကလည်း အလုပ်တစ်ခုရသွားတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း သိင်္ဂီထွန်းရဲ့ အိမ်လှလှလေးကို ကြည့်ရှု့‌ရအောင်လို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Theingi Tun's Facebook Account
Photo Credit:Theingi Tun's Facebook Account
Photo Credit:Theingi Tun's Facebook Account

Source&Photo Credit:Theingi Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။