ဝါရင့်သရုပ်ဆောင် မင်းသမီး ခင်ဇာခြည်ကျော်ကတော့ ယနေ့ချိန်ထိ အနုပညာလောကမှာ အောင်မြင်ကျော်ကြားနေဆဲပါပဲနော်။ သူမဟာ တစ်ခေတ်တစ်ခါက ဗီဒီယိုဇာတ်ကားများတွင် ကျရာဇာတ်ရုပ်တိုင်း ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အထူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ဟာ ချစ်ရတဲ့ သားဘုန်းမင်းနဲ့ သမီး ထင်သစ္စာတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို အတူဖန်တီး တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Khin Zarchi Kyaw’s Facebook page
Photo Crd- Khin Zarchi Kyaw’s Facebook page
Photo Crd- Khin Zarchi Kyaw’s Facebook page

သူမဟာ လတ်တလော Home Stay ကာလမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားရတာကြောင့် အွန်လိုင်းကနေ ဈေးရောင်းခြင်း လုပ်ငန်းတွေကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေနဲ့အတူ ဟာသဗီဒီယိုလေးတွေ ရိုက်ကူးကာ ပရိသတ်တွေကို တင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ခင်ဇာခြည်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Khin Zarchi Kyaw’s Facebook page
Photo Crd- Khin Zarchi Kyaw’s Facebook page
Photo Crd- Khin Zarchi Kyaw’s Facebook page

ဒါကတော့ စားပြီးသားပန်းကန်တွေကိုမဆေးဘဲပစ်ထားတဲ့သားနဲ့သမီးကိုဒေါသထွက်ကာနောက်ကနေလိုက်ရိုက်နေတဲ့ ခင်ဇာခြည်ကျော်ရဲ့Videoလေးပဲ ဖြစ်ပါတယ်။ သူမကလည်း " Zarlay family ကနေတင်ဆက်ပေးလိုက်သည့်

'ဒေါသ၃၆၀' ဗွီဒီယို လေးမှာမေမေဇာတစ်​ ယောက် ဘယ်လိုတွေလက်သံပြောင်ထားလည်းဆိုတာကိုကြည့်ရင်း....

Stay Home အချိန်မှာ ခေတ္တခဏလေးစိတ်အမောဖြေနိုင်ကြပါစေ.." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khin Zarchi Kyaw’s Facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။