သီချင်းတွေကို အတူတူလုပ်ကိုင် သီဆိုကြရင်း ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေကတော့ အဆိုတော် အောင်လနဲ့ အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး ဝိုင်းစုခိုင်သိန်းတို့ အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ စိတ်ဆိုးစိတ်ကောက်တာတွေလည်း သိပ်မရှိကြဘဲ အမြဲကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းကုန်ဆုံးနေကြတာပါ။ ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက် ကြင်နာဂရုစိုက်မှုတွေကို ကြည့်ကာ အားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Wine Su’s Facebook Account
Photo Crd- Wine Su’s Facebook Account
Photo Crd- Wine Su’s Facebook Account

လတ်တလော Home Stay ကာလလေးမှာ အောင်လတစ်ယောက် ချစ်သူအတွက် သီချင်းလေးတွေ ဖန်တီးရေးသားပေးနေတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် အမြဲ ဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း ဝိုင်းစုခိုင်သိန်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။  

Photo Crd- Wine Su’s Facebook Account
Photo Crd- Wine Su’s Facebook Account
Photo Crd- Wine Su’s Facebook Account

ဒါကတော့ ချစ်သူအောင်လရဲ့ကလေးဘဝပုံရိပ်လေးကိုထုတ်ပြလိုက်ပြီး ဆေးအကြီးကြီးထိုးကာ စနောက်လိုက်တာပဲ ဖြစ်ပါတယ်။ ဝိုင်းစုကလည်း " အဲ့ဒါ ဘူလေးလဲ " ဆိုပြီး ပရိသတ်ကြီးကို မေးထားပါသေးတယ်နော်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် အောင်လရဲ့ ကလေးဘဝက ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo crd- Wine Su’s Facebook Account 

Photo Crd- Wine Su’s Facebook Account
Photo Crd- Wine Su’s Facebook Account
Photo Crd- Wine Su’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။