မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ ချစ်ရတဲ့မိသားစုလေးနဲ့အတူ အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။ယခုStay Homeကာလမှာဆိုရင်လည်း မခိုင်လေးတို့က မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင် မခိုင်လေးရဲ့မွေးနေ့လေးလည်းဖြစ်လို့ မိသားစုဝင်တွေက Surpriseလုပ်ကြပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

ကိုခန့်နိုင်ကတော့ ချစ်ဇနီးလေးပျော်ရွှင်အောင် မနက်(၁၂)နာရီကတည်းက မွေးနေ့ပွဲလေးကျင်းပပေးပြီး ထိပ်ထိပ်လေးကလည်း ဂီတာလေးတီးကာ မွေးနေ့သီချင်းလေးသီဆိုပေးခဲ့ပါတယ်။ချစ်ခင်ပွန်းနဲ့ သမီးလေးရဲ့ အပြင်အဆင်တွေကြောင့် မခိုင်လေးကတော့ မွေးနေ့မနက်စောစောမှာ စိတ်ကြည်နူးပျော်ရွှင်ခဲ့ရပါတယ်နော်။မခိုင်လေးက အလှူအတန်းဆိုလည်း ရက်ရောတာကြောင့် သူမရဲ့မွေးနေ့လေးမှာ အလှူတွေလုပ်နေတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

မခိုင်လေးကတော့"ဒီနေ့မွေးနေ့အလှူအဖြစ် Covit19ယာယီကုသရေးဌာနဧရာဝတီစင်တာသို့ငွေကျပ်သိန်း ၄၀ နှင့်ဓမ္မဝိဟာရကျောင်းတိုက်သို့ဆန်အိတ် ၂၀ လှူဒါန်းပါတယ်ရှင်။ရန်ကုန်မြို့ကြီးနှင့်အတူမြန်မာပြည်သူပြည်သားများကပ်ရောဂါဆိုးမှအမြန်ဆုံးကင်းဝေးကြပြီးကျန်းမာချမ်းသာ၍ပျော်ရွှင်နိုင်ကြပါစေရှင်"ဆိုပြီး ရေးသားထားကာ ချစ်ခင်ပွန်းနဲ့နှစ်ယောက်အတူသွားပြီး ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account
Photo Credit:Khine Thin Kyi's Facebook Account

Source&Photo Credit:Khine Thin Kyi's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။