ပရိသတ်ကြီးရေ.. မိတ်ကပ်လင်းလင်းလို့ ဆိုလိုက်တာနဲ့ ချစ်စရာကောင်းသလို ပွင့်လင်းပြီး ရယ်စရာအခွီလေးတွေ လုပ်တတ်တဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီတစ်ဦးကို အားလုံးပဲ မြင်ယောင်မိမှာပါနော်..။

အမိုက်ားမိတ်ကပ်ပြင်ဆင်မှုတွေနဲ့ ဒီတ်ဒိတ်ကြဲအနုပညာရှင်တွေရဲ့ လက်စွဲတော် မိတ်ကပ်ပညာရှင်အဖြစ် အောင်မြင်စွာရပ်တည်နေပြီး ကိုယ်တိုင်လည်း ဇာတ်ကားတွေရိုက်ကူးကာ ကြော်ငြာတွေလည်း ရိုက်ကူးနေတဲ့ လင်းလင်းကိုတော့ မသိတဲ့သူ မရှိသလောက်ရှားပါးသလို မချစ်တဲ့လူလည်း မရှိလောက်ပါဘူးနော်..။

Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page

စကားပြောပွင့်လင်းသူပီပီ ရယ်စရာဟာသလေးတွေနဲ့လည်း ပရိသတ်တွေကို ဘဝအမောတွေပြေပျောက်စေသူလေးလည်းဖြသ် Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ခွီးနေရသူလေးပါပဲ..။

အခုတစ်ခါမှာလည်း လင်းလင်းတစ်ယောက် ပရိသတ်တွေရယ်မောပျော်ရွှင်စေဖို့ သူမဆော့ကစားထားတဲ့ Tik Tok အခွီဗီဒီယိုလေးနဲ့အတူ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page

ဂိမ်းဆော့နေသူရဲ့ အပြောလေးတွေကြောင့် ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင်မိ လိုက်လုပ်မိနေတဲ့ သူမရဲ့အခွီဗီဒီယိုလေးကို "အမျိုးစုံကြိုးခုန် အမလေး.." ဆိုပြီး လင်းလင်းက ပရိသတ်တွေအတွက် အပျင်းပြေလေး မျှဝေထားတာဖြစ်ပါတယ်နော်..။

ရယ်စရာအခွီလေးတွေနဲ့ အမြဲချစ်စရာကောင်းနေတဲ့ လင်းလင်းရဲ့ Tik Tok အခွီဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြသလို စိတ်ညစ်တာလေးတွေ ပြေပျောက်သွားတဲ့အကြောင်းလေးတွေလည်း Comment လေးတွေမှာ ပြောထားကြပါတယ်နော်..။

Photo Credit - Lin Lin's Fb Page
Photo Credit - Lin Lin's Fb Page

Source & Photo Credit - Lin Lin's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။