အဆိပ်တွေတက်ပြီး တားမရ ပြုမရ သေသေနေအောင် လုပ်တဲ့ Vexana ပါပဲ။ သူသေတာတောင်မှ ဝိဉာဉ်ထုတ်ပြီး လိုက်သတ်တာ ဘယ်ဘ၀ အညိုးနဲ့လဲမသိ။ သူရဲ့ Ultimate သုံးတာခံရရင် အဖွဲလိုက်ရှိမှ အဆင်ပြေမယ်ဆိုတာကို ပရိသတ်ကြီးလဲ သဘောတူမယ်ထင်ပါတယ်။ Mage တိုင်းမှာ ကိုယ့်အားသာချက်အပြည့်ပါပဲ သွေးကသာပျော့ပေမဲ့ သူတို့ကို Save မဲ့ Spell လေးတွေတော့ရှိတက်စမြဲပါ။  ခု Updateမှာလဲ Mid Lane သွားလို့ကောင်းတဲ့ Heroတစ်ယာက်ဖြစ်ပါတယ်။

Skill 1 ကတော့ သူမရဲ့ရှေ့ကို လက်ကြီး ပစ်ထည့်လိုက်ရာ ရန်သူကို ၁စက္ကန့်ကြား ကြောင်နေစေပြီး Magic Damage ထိစေပါတယ်။ Skill 2 ကတော့ သတ်မှတ်ထားတဲ့ နေရာကို အပေါ်ကနေ အလုံးလေတွေ ပစ်ချလိုက်ကာ တော်တော်လေးကို Magic Damage ထိစေပါတယ်။ Ultimate ကတော့ ရန်သူ Hero ပေါ်ကို အမှတ်တစ်ခု တင်လိုက်ကာ Magic Damage ကို ၈စက္ကန့်ကြား ဆက်တိုက်ထိခိုက်စေမှာပါ။ အမှတ်တင်ခံရတဲ့ ရန်သူ Hero သေသည်ဖြစ်စေ အမှတ်အချိန်ပြည့်သွားရင်ဖြစ်ဖြစ် ရန်သူပုံစံ ဝိဉာဉ်တစ်ကောင်ထွက်လာပြီး ဝိဉာဉ်ဟာ ပုံတူ ရန်သူ Hero ရဲ့ ၇၀ရာခိုင်နှုန်းအစွမ်းရရှိမှာဖြစ်ကာ ဝိဉာဉ်သွေး၅ရာခိုင်နှုန်းက Magic Damage ထိစေနေမှာဖြစ်ပါတယ်။  

Passive ကတော့ Vexana ရဲ့ Damage ထိရသူက အမှတ်အသေးလေးတစ်ခု အတင်ခံရပြီး အဲ့အမှတ်ဟာ ၅စက္ကန့်ကြား ရှိစေနပါတယ်။ အဲ့အမှတ်တင်ခံရတဲ့သူသေသွားပါက ပေါက်ကွဲသွားပြီး အနီးရှိရန်သူတွေကို Magic Damage Level အလိုက် ထိစေပါတယ်။ သူမရဲ့ ဝိဉာဉ်ရုပ်သေးကလဲ အဲ့အမှတ်လေးကို တင်ပေးပါတယ်။ Battle ဝင်ရင် Skill 1 သုံး 2 ချ ပြီးရင် ကိုယ်လိုချင်တဲ့ Hero အပေါ် Ultimate တင်လိုက်ပါ။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။