Photo credit - TNC Predator facebook page

SEA Region က tier 1 dota 2 team တစ်ခုဖြစ်တဲ့ TNC Predator ကတော့ အသင်းရဲ့ po 5 player ဖြစ်သူ March နဲ့တရားဝင်လမ်းခွဲခဲ့ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

March ကိုတော့ TNC Predator ဟာ Ti 9 အပြီး 2019 ခုနှစ် 9 လပိုင်း 13 ရက်နေ့မှာ အသင်းကနေထွက်သွားတဲ့ eyyou ရဲ့နေရာမှာအစားထိုးဖို့အတွက် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

March နဲ့အတူတော့ TNC Predator ဟာ 2019-2020 DPC Season ရဲ့ first major ဖြစ်တဲ့ MDL Chengdu Major မှာ champion ဖြစ်ခဲ့ပြီးနောက် နောက်ပိုင်း ယှဥ်ပြိုင်တဲ့ tournaments တွေမှာ performance တွေကျလာခဲ့ပါတယ်။

သို့ပေမယ့်လည်း March နဲ့အတူ TNC Predator ဟာ ယခုလထဲမှာ ကျင်းပပြီးစီးခဲ့တဲ့ ESL ONE Thailand 2020 မှာ champion ဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ TNC Predator ဟာ BTS Pro Series Season 3:SEA ကိုဝင်ရောက်ယှဥ်ခဲ့ပေမယ့် 5-6th place နဲ့သာကျေနပ်ခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ TNC နဲ့ တစ်နှစ်စာချုပ်ပြည့်နေတဲ့ March ဟာ စာချုပ်အသစ်ထပ်ချုပ်လိုခြင်း မရှိတော့ဘဲ အသင်းကနေထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျန်ရှိနေတဲ့ TNC Predator ရဲ့ roster ကတော့

Po 1- Gabbi

Po 2- Armel

Po 3- kpii

Po 4- Tims

တို့ပဲ ဖြစ်ပါတယ်။

TNC Predator အနေနဲ့လည်း March နေရာမှာ ဘယ်သူ့ကိုအစားထိုးသွားမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source- TNC Predator facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။