Photo credit - ChYuan twitter

မလေးရှားနိုင်ငံသား dota 2 pro player တစ်ဦးဖြစ်တဲ့ ChYuan ကတော့ မနေ့က 9 လပိုင်း 28 ရက်နေ့မှာ 10 K MMR ကိုရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

ChYuan ဟာ ပြီးခဲ့တဲ့ 8 လပိုင်း 24 ရက်နေ့မှာ Team Aster ရဲ့ midlaner နေရာကနေ inactive လုပ်သွားခဲ့ပြီး MMR ကိုပဲတောက်လျှောက်တင်နေခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ChYuan ဟာ 10K MMR ကိုရောက်ရှိလာခဲ့ပြီး လက်ရှိမှာ SEA Region ရဲ့ MMR leaderboard မှာ No.13 နေရာမှာရှိနေပါတယ်။

No.1 နေရာမှာတော့ ထိုင်းနိုင်ငံသား 23Savage က ဦးဆောင်ထားဆဲ ဖြစ်ပါတယ်။

10k MMR ကိုရောက်ရှိလာတဲ့ ChYuan အနေနဲ့လည်း လက်ရှိမှာ သူကစားဖို့အတွက် အသင်းသစ် တစ်သင်းကိုရှာဖွေ​နေ သိပ်မကြာခင်မှာတော့ တစ်သင်းသင်းမှာ ပြန်မြင်ရဖို့ရှိနေပါတယ်။

ChYuan ကို SEA ကအသင်းတွေမှာပဲ မြင်ရမလား ဒါမှမဟုတ် China region ကအသင်းတွေမှာပဲ ပြန်မြင်ရမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

Source - Chyuan twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။