ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံက PUBG stramer Rourou အကြောင်းလေးကို ဖော်ပြပေးချင်ပါတယ် ။

Rourou ဟာ လွန်ခဲ့တဲ့ 2 နှစ်ကျော်လောက်ကမှ PUBG Mobile game ကိုစတင်ကစားခဲ့တာ ဖြစ်ပြီး စကစားတဲ့အချိန်မှာ သူမ pubg နဲ့ပတ်သတ်ပြီး ဘာမှသိပ်နားလည်တာမရှိခဲ့ပါဘူး။

ဒါပေမယ့် Rourou ဟာ သူမရဲ့ skill တွေတိုးတက်လာစေဖို့အတွက် လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ပြီး သူမရဲ့ကျိုးစားမှုတွေကြောင့် ထင်မှတ်မထားနိုင်ခဲ့တဲ့ အောင်မြင်မှုတွေရရှိနေပါပြီ။

Photo credit- Rourou Weibo
Photo credit- Rourou Weibo

Rourou ဟာသူမရဲ့ ကိုယ်ပိုင် channel မှာ သိန်းနဲ့ချီတဲ့ followers တွေရရှိထားသူတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ လူကြည့်အများဆုံး streamer တွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။

သူမရဲ့ live stream ကိုကြည့်ရှုအများစုဟာ ဂိမ်းဆော့တာထက် သူမရဲ့အသံနဲ့ မျက်နှာလေးကိုကြည့်ချင်လို့ ဝင်ကြည့်သူတွေပဲ ဖြစ်ပါတယ်။

Rourou ဟာတခါတရံ သူမရဲ့ streaming မှာ သီချင်းတွေလည်းဆိုပြတတ်သလို သူမရဲ့ချစ်စရာအမူအရာလေးတွေကလည်း viewers တွေပိုပိုတိုးလာစေတဲ့ အချက်တွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။

Photo credit- Rourou Weibo
Photo credit- Rourou Weibo

ဒါပေမယ့် Rourou ဟာ skill နည်းတဲ့ streamer တစ်ယောက်တော့မဟုတ်ပါဘူး။ Rourou skillတွေက ကြမ်းတမ်းဆိုတာ သူမရဲ့ streaming video တွေကြည့်ဖူးသူတိုင်းသိပါတယ်။

Rourou အများဆုံး stream တာကတော့ huya ကနေဖြစ်ပြီး သူမရဲ့ huya အကောင့်နာမည်ကတော့ Dae-柔柔 ပဲဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Rourou ဟာ facebook မှာလည်း stream ပေးလာတာတွေ့ရပြီး သူမရဲ့ facebook page နာမည်ကတော့ Rou Rou ပဲဖြစ်ပါတယ်။

Photo credit- Rourou Weibo
Photo credit- Rourou Weibo

Source - gurugamers

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။