Alto's ဆိုတဲ့ဂိမ်းဟာဆိုရင်တော့ ကမ္ဘာတစ်ဝန်းမှာ အောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး လူဆော့များတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆုတွေလဲအများကြီး ပိုင်ဆိုင်ထားသလို တစ်နှစ်နဲ့တစ်နှစ်မတူစေတဲ့ ဆော့ကစာရတာ ကောင်းမွန်စမေဲ့ အသစ်တွေကို ထွက်ရှိလျက်ရှိပါတယ်။ သူတို့ရဲ့ Alto's နဲ့ ထွက်ရှိထားသမျှဂိမ်းဟာ အောင်မြင်တဲ့ ဂိမ်းတွေကြီးပဲဖြစ်ကာ ဆုတွေလဲရရှိစမြဲဖြစ်ပါတယ်။ 

ဒီဂိမ်းလေးရဲ့နာမည်ကတော့ Alto's Adventure ပဲဖြစ်ကာ သူနောက်ကထွက်တဲ့ ဂိမ်းနာမည်ကတော့ Alto's Odyssey ပဲဖြစ်ပါတယ်။ Alto's Adventure ရဲ့အောင်မြင်မှုကြောင့် နောက်အသစ်တစ်ခုထပ်ထွက်တာဆိုတော့ ဒီဂိမ်းက ဘယ်လောက်တောင်ကောင်းမလဲဆိုတာကို ပရိသတ်ကြီးကို အထူးတလည်ပြောပြဖို့ မလိုလောက်တော့ပါဘူး။ ဇာတ်လမ်းလေးကတော့ Alto ဟာသူ့သူငယ်ချင်းတွေနဲ့အတူ အဆုံးမရှိတဲ့ခရီးကို စွန့်စွန့်စားစားထွက်လာခဲ့ကာ လမ်းမှာတွေ့သမျှ ရန်သူအောက်ကျနေတဲ့သူတွေကို ကယ်တင်ပေးရင် ခရီးဆက်ရတဲ့ ဂိမ်းလေးပါ။  

ဂိမ်းထဲမှာလဲ ပြောပြလို့မရတဲ့ ကစားပုံတွေနဲ့ ထူးထူးဆန်းဆန်းတွေလဲ ပါဝင်ပါသေးတယ်။ တခြားသော အပြင်အဆင်တော်တော်များများလဲ ဂိမ်းထဲမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့အမျိုးအစားက Action ဆိုပေမဲ့ တခြားသော Action ဂိမ်းတွေဖြစ်တဲ့ PUBG တို့ဘာတို့နဲ့မတူတဲ့ ဂိမ်းပဲဖြစ်ပါတယ်။ မပြီးဆုံးနိုင်တဲ့ ခရီးပေါ်ကို Alto နဲ့အတူ သူ့သူငယ်ချင်းတွေနဲပါ လျှို့ဝှက်ချက်တွေကို ရှာဖွေကစားကြည့်ပါ။ 

သတင်းအရင်းမြစ် : Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။