Mobile Legends Ban Hero တွေထဲက တစ်ကောင်ဖြစ်တဲ့ Esmer ကိုပရိသတ်ကြီးလဲ သိကြမှာပါ။ သူမရဲ့ ှSkill တွေနဲ့ Passive ကအရမ်းကို ကြမ်းတမ်းနေတာကြောင့် သူမကို High Rank တွေမှာ ခဏခဏကို Ban ကြပါတယ်။ အာ့ကြောင့် သူမကိုင်ပြီး Low Rank မှာအသေအလဲ ကြမ်းပြီး High Rank ကိုတက်ဖို့ အကြံပြုချင်ပါတယ်။ ကိုင်ရတာကလဲ ထင်သလောက်မလွယ်ကူပါဘူး။ 

Skill 1 ကတော့ သူမကိုယ်သူမ Shield တင်လိုက်တာဖြစ်ပြီး အဲ့ Skill သုံးတဲ့အချိန် ၅စက္ကန့်လောက်မြန်သွားပြီး ရန်သူတွေတင်ထားတဲ့ Shield တွေကို စုပ်ယူပါတယ်။ Skill 2 ကတော့ သူမရဲ့ ပဝါကိုလှည့်ကာ Physical ရော Magical Damage ပါထိစေပါတယ်။ အာ့သုံးလိုက်လို့ ရန်သူတွေကိုထိရင် Skill 1 CD ကိုလျော့ချပေးပါတယ်။ Ultimate ကတော့ လေပေါ်တက်ပြီး အားတွေကိုစုလိုက်ကာ ချိန်ထားတဲ့နေရာကို ခုန်ချကာ ရန်သူတွေကို Damage ထိစေပြီး ခနရပ်နေစေမှာပါ။ ကြာကြာဖိလေ ပိုကြမ်းလေဖြစ်ပါတယ်။  

Passive ကတော့ သူမရဲ့ Basic Attack နဲ့ Skill Damage နှစ်ခါထိစေပါကာ ရန်သူကို Shield ထစေပါတယ်။ အဲ့ခါကျရင် Skill 1လေးသုံးပြီး ရန်သူဆိက Shield ကိုခိုးလို့ရပါပြီ။ Battle ဆိုင်ရင် Ulti ကိုခြုံထဲကနေ ကြာကြာဖိထားပြီး ဝင်ကာ Skill 2 တစ်ချက်သုံးပြီး 1 ကိုသုံးပါ။ Esmer ပေါ်မှာ Shield တွေလဲထပြီး ရန်သူဟာလဲ သတ်ရခတ်သွားပါလိမ့်မယ်။ သို့သော်လဲ Ulti တိကျမှ အဆင်ပြေတာမို့ သေချာတွက်တက်ဖို့တော့လိုပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။