Photo credit - CR4ZY twitter

North America region က esports organization တစ်ခုဖြစ်တဲ့ CR4ZY ကတော့ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့လက်အောက်က esports team တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

CR4ZY ဖျက်သိမ်းခဲ့တဲ့ esports teams တွေကတော့ Dota 2, CS:GO နဲ့ Rainbow Six Seige တို့ပဲ ဖြစ်ပါတယ်။

ဖျက်သိမ်းခဲ့ရတဲ့အကြောင်းရင်းကတော့ လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေတဲ့ Covid-19 ရောဂါကပ်ဆိုးကြီးကြောင့် organization မှာအခက်အခဲတွေများစွာ ဖြစ်ပေါ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

CR4ZY အနေနဲ့လည်း နောက်နှစ်ထဲမှာ ပုံစံသစ်တစ်ခုနဲ့ ပြန်လာဖို့တော့ရှိနေပါတယ်။

ဒါ့အပြင်CR4ZY ဟာ သူတို့ရဲ့နောက်ထပ်ခြေလှမ်းသစ်တွေအတွက် ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ 30 ရက်နေ့ထဲက esports team အားလုံးက players တွေနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးပါပြီ။

ဒါ့ကြောင့် CR4ZY ကထွက်လာတဲ့ players တွေအားလုံးဟာ free agents ဖြစ်နေပြီ ဖြစ်ပြီး အခြားသော အသင်းတွေကို join ဖို့ ရှာဖွေနေကြပါတယ်။

Source - CR4ZY twitter 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။