Adroit Esports ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်ကပဲ သူတို့ရဲ့ dota 2 roster update တစ်ခုကိုကြေညာခဲ့ပါတယ်။
Adroit ကြေညာခဲ့တာကတော့ offlaner "Brnsoy" ဟာ အသင်းနဲ့တရားဝင်လမ်းခွဲထွက်ခွာသွားခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။
Beysoy ဟာ Adroit ကိုပြီးခဲ့တဲ့ 7 လပိုင်း 16 ရက်နေ့ကမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကစားတာ သုံးလနီးပါးလောက်အကြာ ဒီကနေ့ 10 လပိုင်း 7 ရက်နေ့မှာ ပြန်လည်ထွက်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။
Adroit အနေနဲ့လည်း သူတို့ရဲ့ လစ်လပ်သွားတဲ့ offlaner နေရာကို အစားထိုးဖို့အတွက် T1 ကနေထွက်ပြီး free agent ဖြစ်နေတဲ့ Forev ကိုခေါ်ယူခဲ့ပါတယ်။
သို့ပေမယ့် Adroit ဟာ Forev ကိုအပြီးသတ်ခေါ်ယူခဲ့တာမဟုတ်ပဲ အငှားအနေနဲ့သာခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ထပ်ပြိုင်ပွဲတွေမှာ တွေ့ရမယ့် Adroit ရဲ့ dota 2 roster ကတော့
Po 1- Tino
Po 2- Mac
Po 3- Forev (stand-in)
Po 4- Boombacs
Po 5- cml
တို့ပဲ ဖြစ်ပါတယ်။
Source -Adroit Esports facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။