ဘောလုံးဆိုတဲ့ အားကစားနည်းဟာဆိုရင် ၁၉ရာစု အလယ်လောက်တုန်းက အင်္ဂလန်မှာ ပထမဆုံးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်းက ယနေ့ချိန်တိုင် ဘောလုံးကစားနည်းဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး နဲ့ အားပေးမှုအများဆုံးအားကစားနေရာမှာ ရပ်တည်နေပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက်မှာဆိုရင်လဲ ဘောလုံးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အကောင်းဆုံး ကစားပြသွားတဲ့ ကစားသမားတွေလဲများစွာရှိပါတယ်။ အဲ့လိုကျွမ်းကျွမ်းကျင်ကျင်နဲ့ အကောင်းဆုံး ကစားပြသွားတဲ့ ဘောလုံးသမားတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။ 

Eusébio (1958-1978)
Photo Credit : liveabout

Ronaldo မတိုင်ခင် Eusébio ဟာ ပေါ်တူဂီရဲ့ အကောင်းဆုံး ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကို "The Black Panther" လို့လဲ လူသိများကြပါတယ်။ ၁၉၆၆ တုန်းက ကမ္ဘာ့ဖလား Final ပွဲမှာ Eusébio ဟာ ၉ ဂိုးသွင်းခဲ့တဲ့ ဘောလုံးသမားတစ်ယောက်လဲဖြစ်ပါတယ်။ သူ့ရဲ့အကောင်းဆုံးနှစ်ကတော့ Benfica အသင်းမှာရှိစဉ်တုန်းက ကစားတဲ့ပွဲအရေအတွက်ထက် သွင်းဂိုးအရေအတွက်က များနေခဲ့တဲ့ အချိန်ပဲဖြစ်ပါတယ်။ Eusébio ဟာ ၂၀၁၀ တုန်းက World Soccer မဂ္ဂဇင်းကို သူဟာညတိုင်း သူ့ကိုသူဓာတ်ပုံရိုက်ပြီး လက်မှတ်ထိုးကာ နောက်တစ်နေ့မှာ ကလေးတွေကို ပေးလေ့ရှိတယ်လို့ ပြောပြခဲ့ဖူးပါတယ်။ 

Ferenc Puskás (1944-1966)
Photo Credit : liveabout

Puskás ဟာဆိုရင် သမိုင်းတစ်လျှောက်အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ယောက်ဖြစ်ပြီး ကလပ်အသင်းနဲ့ နိုင်ငံတကာအဆင့်ပွဲတွေမှာ အနည်းဆုံး ဂိုးတစ်လုံးကတော့ အမြဲတမ်းသွင်းနိုင်တဲ့သူဖြစ်ပါတယ်။ သူဟာ ၁၉၅၀ ခုနှစ်တုန်းက Hungary အသင်းရဲ့ အထင်ရှားဆုံး ကစားသမားတစ်ယောက်အဖြစ် ရှိခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့ကို Mighty Magyars ဆိုပြီး လူသိများပါတယ်။ Puskás ဟာ Real Madrid အသင်းနဲ့ " Top League Scorer " ကို ၄ကြိမ်ရရှိခဲ့ဖူးပြီး European Cup ဖိုင်နယ် နှစ်ပွဲမှာ သွင်းဂိုး ၇လုံး ရှိခဲ့ပါတယ်။ ဖလားများစွာကိုလဲ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

Alfredo Di Stéfano (1943-1966)
Photo Credit : liveabout

Di Stéfano ဟာ ဥရောပဖလားဖိုင်နယ် ၅ ပွဲဆက်တိုက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီလို ဖိုင်နယ်တိုင်းမှာ ဂိုးသွင်းနိုင်ဖို့ဆိုတာ ဘောလုံးသမားတစ်ယောက်အနေနဲ့ မလွယ်ကူးပါဘူး။ အာဂျင်တီးနားမှာ မွေးဖွားခဲ့ပေမယ့်လဲ အီတလီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ သူရဲ့ဘောလုံးကစားသမားကတော့ ဖိုင်နယ် ၅ ပွဲဆက်တိုင် ဂိုးသွင်းနိုင်ခဲ့တာက လွယ်လို့ ကျန်တဲ့ နာမည်ကြီး ကိစ္စတော့မရှိပါဘူး။ 

Michel Platini (1973-1987)
Photo Credit : liveabout

Platini ဟာ Nancy, St-Etienne, နဲ့ Juventus အသင်းရဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး ကလပ်နဲ့ နိုင်ငံအတွက် European champion ဖြစ်ခဲ့ပါတယ်။ ၁၉၈၄ တုန်းက ပြင်သစ်အသင်းနဲ့ European Championship ဖြစ်ခဲ့ပြီး နောက်တစ်နှစ်မှာပဲ European Cup ကို Juventus အသင်းနဲ့ရရှိနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဘောလုံးသမိုင်းမှာ ပေးဖို့မှုအကောင်းဆုံး ကစားသမားနဲ့ Free-Kick ကန်တဲ့နေရမှာအကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ချင်းခံရပါတယ်။ အဲ့အပြင် 1984 တုန်းကလဲ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်နဲ့ သွင်းဂိုး ၉လုံးသွင်းနိုင်ခဲ့ပါသေးတယ်။ 

Cristiano Ronaldo (2001-Present)
Photo Credit : liveabout

Ronaldo အနေနဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံရတာလဲ ထိုက်တန်ပါတယ်။ ခုချိန်ထိ သူဆော့ကစားခဲ့တဲ့ အသင်းတွေပါအပါအဝင်စုစုပေါင်းသွင်းဂိုးဟာ 746 လုံးရှိနေပါပြီ။ ယနေ့ချိန်ထိ ဘောလုံးလောကမှာရော ကမ္ဘာပေါ်မှာပါ နာမည်ကျော်ကြားနေတဲ့ ဘောလုံးကစားသမားတစ်ယောက်ဖြစ်တာကို ပရိသတ်ကြီးလဲ သိရှိမှာပါ။ 

သတင်းအရင်းမြစ် Liveabout

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။