Photo credit - 032 facebook page

SEA region က dota 2 အသင်းသစ် တစ်သင်းဖြစ်တဲ့ 032 ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းရဲ့ mid player "Nikko" နဲ့ po 4 player "Matthew" တို့နဲ့ တရားဝင်လမ်းခွဲခဲ့ပြီ ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

အဲ့ဒီနောက် မနေ့က ညပိုင်းလောက်မှာတော့ 032 ဟာ Karl နဲ့ Hustla တို့ကို အစားထိုးခေါ်ယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Karl ဟာ Geek Fam ကထွက်ပြီးထဲက free agent ဖြစ်နေတဲ့ player ဖြစ်ပြီး မနေ့ကမှ 11k MMR ကိုရောက်ရှိထားတဲ့ player တစ်ဦးပဲ ဖြစ်ပါတယ်။

Hustla ကတော့ ပြီးခဲ့တဲ့ လပိုင်းက disband ပြုလုပ်သွားတဲ့ Reality Rift က player တစ်ဦးဖြစ်ပြီး ယနေ့ထက်ထိ Reality Rift နဲ့ သာချုပ်သက်တမ်းကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Hustla ဟာ 032 ကို stand-in player အနေနဲ့သာ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် 032 ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Po 1- Natsumi-

Po 2- Karl

Po 3- Bok

Po 4- Hustla (stand-in)

Po 5- ninjaboogie

တို့ပဲ ဖြစ်ပါတယ်။

Source - 032 facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။