လက်ရှိအချိန်မှာတော့ Virtus.pro ရဲ့ general manager ဟောင်းဖြစ်သူ Roman Dvoryankin နဲ့ china က free agents ဖြစ်နေတဲ့ coach " r0tK" တို့ရဲ့ chat conversation တွေ ပျံ့နှံ့နေပါတယ်။

ဒီ ပျံ့နှံ့နေတဲ့ conversation တွေထဲမှာတော့ Roman ဟာ r0tK ကို သူဖွဲ့သည်းမယ့် အသင်းသစ်မှာ coach လုပ်ဖို့ ကမ်းလှမ်းနေတာကို တွေ့ရပြီး rOtK အနေနဲ့ အစပိုင်းမှာ ငြင်းပယ်ခဲ့တာကိုတွေ့ရပါတယ်။

Photo credit - afk gaming dota2
Photo credit - afk gaming dota 2

Conversation ထဲမှာပါလာတဲ့ ဒီ အသင်းသစ်မှာကစားမယ့် players တွေကတော့

Po 1- Ramzes666

Po 2- Sumail

Po 3- Noone

Po 5- solo

တို့ပဲဖြစ်ပါတယ်။

Po 4 player ကိုတော့ ပြောထားတာမတွေ့ရပဲ yamich ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Sumail အနေနဲ့လည်းဒီရက်ပိုင်းမှာ mid role တစ်ခုထဲကိုသာ အသားပေးကစားနေတာတွေ့ရပြီး Ramzes ကလည်း carry တွေ ပြန်ကစားနေတာဆိုတော့ ဒါဟာဖြစ်လာနိုင်ချေရှိပါတယ်။

အကယ်၍ ဒါဟာအမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ r0tK ဦးဆောင်မယ့် ဒီအသင်းသစ်ဟာ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာကို စိတ်ဝင်စားနေပါပြီ။

ဘော်ဒါတို့ရော ဒီ roster ကို ဘယ်လိုမြင်ကြလဲ.

Photo credit - Roman Dvoryankin twitter

Source - afk gaming dota 2

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။