Gord ကတော့ Ml မှာ လူတိုင်းစဆော့ချိန်မှာ ကိုင်ဖူးမဲ့ Hero တစ်ကောင်ပါပဲ။ ကိုယ့်အသင်းရဲ့ Battle မှာနိုင်အောင်လဲ အများကြီး အထောက်အကူပြုပေးတဲ့ Hero ပါ။ ပရိသတ်ကြီးလဲ ကိုင်ဖူးကြတယ်ဆိုတော့ Hero ကအသင်းအတွက်ဘယ်လောက်အထောက်အကူပြုလဲဆိုတာကို သိမယ်လို့ထင်ပါတယ်။ Mage တော်တော်များများက တစ်ကောင်ဆိုတစ်ကောင်များပေမဲ့ သူကျတော့ တစ်ကောင်ဆိုတစ်ကောင်မဟုတ်ပဲ တစ်သင်းလုံးကို Magic Damage ထိစေပါတယ်။ သူရဲ့Skill အကြောင်းလေးကို အောက်မှာဖော်ပြထားပါတယ်။  

Skill 1ကတော့ Magic Ball လေးကိုပစ်လိုက်ကာဖြစ်ပြီး မထိရင် နှစ်ဆင့်ခုန်သွားပြီး သူအလိုလိုပေါက်သွားပါလိမ့်မယ်....ထိရင်တော့ ရန်သူကို Stun စေမှာဖြစ်ပြီး magic damage ထိစေပါတယ်။ Skill 2ကတော့ အောက်ကနေ Electric Field ပေါ်လာမှာဖြစ်ပြီး Magic Damage ထိစေကာ ဝ.၄၅စက္ကန့်ကြာမှာပါ။ Ulti ကတော့ Energy အလင်ူတန်းကြီးကို ပစ်လိုက်တာဖြစ်ပြီး ထိတဲ့သူတိုင်းက ဝ.၃စက္ကန့်တိုင်း ၁၀ရာခိုင်နှုန်းစီ ရွှေ့လျားနှုန်းလျော့နေစေမှာပါ။ ၃စက္ကန့်ကြာမှာဖြစ်ပြီး အလင်းတန်းကို ဘယ်ညာ သွားလို့ရပါတယ်။   

Passive ကတော့ အချိန်ခဏလေးအတွင်းမှာ ၄ချက်ပစ်လိုက်ကာ အဲ့ချိန်မှာ True Damage ထိစေပါတယ်။ Battle ဆိုင်ပြီးဆိုရင်တော့ သူလဲ MM တို့ပုံစံအတိုင်း အသင်းရဲ့အနောက်မှာနေပြီး Skill 1 ပစ်လိုက်ကာ ရန်သူတွေကို မူးစေပြီး Skill 2သုံးပြီး Ulti သုံးပါ။ သူ့ရဲ့ Ulti ရှိရာ တောက်လျှောက်မှာ ရန်သူတွေကို သွေူတော်တော်လေးလျော့နေစေမှာဖြစ်ပြီး အသင်းကလဲ သူSkill 1ကြောင့် Stunနေတဲ့ချိန်ရန်သူတွေကို အလွယ်တကူ အမြန်သတ်နိုင်ပါတယ်။ ဒါကြောင့် Battle မှာသာပါတယ်....အသင်းအတွက်လဲ အထောက်အကူပြုပါတယ်။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။