Mobile Legends မှာဆိုရင် ပရိသတ်ကြီး အနေနဲ့ ရိပ်မိလားတော့မသိပါဘူး။ လူသိပ်မကိုင် လူမေ့နေပြီရှိတဲ့ Hero တွေကို ပြန်ပြန်ပြီး Buff ပေးနေပါတယ်။ လူကိုင်တာနည်းသွားတဲ့ Freya, Hanzo နဲ့ Lancelot ကိုလဲ တစ်ယောက်တစ်မျိုးစီ Revamp or Rework တွေလုပ်နေတာကို သိရှိကြမယ်လို့ထင်ပါတယ်။ လောလောဆယ်မှာတော့ Badang တို့ Martis တို့ကတော့ ပြန်ကြမ်းနေပြီဖြစ်ပါတယ်။  

Martis အနေနဲ့ကတော့ ခုချိန်မှာ တရုတ်နှစ်သစ်ကူးအတွက် Deathrock Skin ကိုပေးနေပြီဖြစ်ပါတယ်။ Moontoon အနေနဲ့လဲ လူဆော့ကစားမှုများအောင် ပြုလုပ်လျက်ရှိကာ Skin တွေကို Free ပေးပြီးရင်းပေးလျက်ရှိနေပါတယ်။ ခုဆိုရင်လဲ Martis ရဲ့ Special Skin ဖြစ်တဲ့ Deathrock Skin ကို တာဝန်တွေလုပ်ဆောင်ရင်း Free ရအောင် ပြုလုပ်ပေးထားပြီး Aurora, Badang, Irithel နဲ့ Estes တို့ရဲ့ Skin ကိုလဲ ကြိုက်ရာတစ်ခုရွှေးချယ်ပြီး Free ပေးနေပါတယ်။  

Martis ဆိုတဲ့ Fighter ဟာဆိုရင်လဲ ခုချိန်မှသာ လူတွေပြန်ကိုင်လျက်ရှိတာပါ။ အရင်တုန်းကဆို သူပေါ်ပြီး လပိုင်းလောက်အကြာမှာ လူကိုင်နည်းသွားခဲ့ပါသေးတယ်။ သူရဲ့ Passive ဟာလဲ ပြန် Buff ပြီး ပြန် Nerf ထားပေမဲ့လဲ တော်တော်မိုက်နေတုန်းပါပဲ။ Skill 2 ဟာလဲ Skill တွေကို Immune ဖြစ်စေတာမို့ Martis Player တွေအတွက်တော့ ကျေနပ်စရာပါပဲ။ Ultimate နဲ့ သတ်လို့သေရင် Movement Speed တွေ ဘာတွေတက်သွားပြီး နောက်ထပ် ထပ်သုံးလို့ရတယ်ဆိုတော့ တော်တော်လေးကို မိုက်ပါတယ်။ ပရိသတ်တွေလဲ ပြန် Train သင့်တယ်လို့ထင်ပါတယ်။

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။