ဘောလုံးဆိုတဲ့ အားကစားဟာဆိုရင် လက်ရှိအချိန် ကမ္ဘာပေါ်မှာ လူအကြည့်အများဆုံး အားကစားတွေထဲက တစ်နေရမှာပါဝင်ပါတယ်။ ဘောလုံးပွဲတွေဟာလဲ အကြိတ်အနယ်ယှဉ်ပြိုင်ကြတာမို့ ကြည့်ရတဲ့သူတွေအနေနဲ့လဲ အားရကျေနပ်မိပါတယ်။ ပရိသတ်တင်မဟုတ်ပဲ ကိုယ်တိုင်ကစားသမားတွေလဲ အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိကာ တစ်ခါတစ်လေ ပွဲကြမ်းတက်တာတွေလဲရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်မကျေနပ်လို့ ရိုက်ချိုးတာတို့ ဖြတ်ထုတ်တို့ဆိုရင် တစ်ခါတစ်လေမှာ တော်တော်ဆိုးဝါးပါတယ်။ အဲ့လိုတွေထဲကမှ အောက်မှာဆိုရင် ပွဲကြမ်းခဲ့တဲ့ ဖြစ်ရပ်တွေကို ဖော်ပြလိုက်ပါတယ်။ 

Terry Butcher 

Photo Credit : Bleacher Report

၁၉၈၉ခုနှစ်တုန်းက အင်္ဂလန်နဲ့ဆွီဒင် တို့တွေတဲ့ ကမ္ဘာ့ဖလားပွဲမှာဆိုရင် ပုံဖော်ပြထားတဲ့ Terry Butcher ဟာဆိုရင် ဘောလုံးကိုခေါင်းနဲ့တိုက်ကာ ဖြတ်ထုတ်ရင် တခြားသူရဲ့ခေါင်းနဲ့တိုက်မိခဲ့ပါတယ်။ အဲ့နောက်မှာ နဖူးကွဲကာ ပတ်တီးပတ်ပြီးဆက်လက်ကစားခဲ့ပါတယ်။ ကစားနေရင်းနဲ့ သွေးတွေဟာလဲ မထိန်းနိုင်အောင် စီးကျနေခဲ့ပါတယ်။ ပရိသတ်ကြီးလဲ ပုံမှာတွေ့တဲ့အတိုင်းပါပဲ။ 

Nigel De Jong 

Photo Credit : Bleacher Report

Bruce Lee လား Jackie Chan လား မဟုတ်ပါဘူး....Nigel De Jong ပါ။ ဒါကတော့ နောက်ထပ် Flying Kick ဖြစ်ပြီး De Jong တစ်ယောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Xabi Alonso ရဲ့ရင်ဘက်တည့်တည့်ကို ကန်ခဲ့တာဖြစ်ပါတယ်။ 

Kevin Davies 

Photo Credit : Bleacher Report

Kevin Davies ကတော့ ပွဲစတာနဲ့ ဘောလုံးနောက်လိုက်ရင်း တစ်ဖက်အသင်းသားရဲ့ ခြေထောက်ကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်ထုတ်တာတွေ့ရှိရမှာဖြစ်ပါတယ်။ ပွဲစတာနဲ့ အနီကဒ်ရနိုင်တဲ့ ဖြတ်ထုတ်မှုကြီးပါ။ 

Patrick Vieira 

Photo Credit : Bleacher Report

ပုံထဲမှာတော့ အာဆင်နယ်အသင်း Captain Patrick Vieira နဲ့ မန်ယူအသင်း Captain Roy Keane တို့ကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပွဲမစသေးခင်မှာပဲ သူတို့နှစ်ယောက် စကားများရန်ဖြစ်ခဲ့ပြီး ပွဲစတော့လဲ တစ်ယောက်တစ်ယောက် ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ပါတယ်။ ပုံကတော့ Patrick တစ်ယောက် Keane ကိုလက်နဲ့တမင်တွန်းခဲ့တာကြောင့် Keane ကခြေထောက်နဲ့ပြန်ကန်ခဲ့တာမို့ စကားများနေကြတဲ့ပုံဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Bleacher report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။