မြန်မာ နိုင်ငံမှာ အောင်မြင်မှု အလွန်ရရှိခဲ့တဲ့ ဖခင် နှင့် သမီး ကြားက မေတ္တာကို ဖော်ကျူးထားတဲ့ Train To Busan ဟာ နောက်ဆက်တွဲ ထွက်ရန်ရှိသည်ဟု အတည် ပြုပြီးနောက်ခေါင်းဆောင်မင်းသားနှင့် ပတ်သက်လို့ ကောလဟာလ တွေထွက်လာပြီး နောက် ပျိုမေတို့ အသဲစွဲ ဆောင်ဂျွန်းကီကို အတည်ပြု.....

ဆောင်ဂျွန်းကီဟာ Decesdants Of The Sun ဆိုတဲ့ စစ်တပ်ကား နှင့် အတူ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်လာခဲ့ကြပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့်လဲ မိန်းကလေးတွေရဲ့ အသဲစွဲ ဖြစ်ခဲ့ကြပါတယ်။

အာရှ မှာရော ဥရောပ မှာပါ လူကြည့်များခဲ့တဲ့ Train To Busan ဟာ အကောင်းဆုံ ဒါရိုက်တာ ဆု ကို ရရှိခဲ့ပြီး နောက်ပိုင်း အားပေးမှုများတာကြောင့် Train To Busan 2 အသစ်ရိုက်ရန်ပြင်ဆင်နေပြီဖြစ်ပြီး ဆောက်ဂျွန်းကီကို ခေါင်းဆောင်မင်းသား အနေနှင့် ထား ပြီး အရင် ဇာတ်လမ်းမှာ အဆုံးသတ်ခဲ့တဲ့ တစ်ယောက်ထဲ ကျန်ရှိနေခဲ့တဲ့ သမီးလေး ကို ဆက်ပြီး ကယ်တင်ရမယ့် ဇာတ်လမ်းဆိုပြီး US က သတင်းတွေမှာဖော်ပြခဲ့ပါတယ်။

ကိုရီးယားက ဒါရိုက်တာတွေကတော့ အတည်မပြုသေးဘူးလို့ ပြောကြားခဲ့ပေမယ့်လဲ အိုပါး ဆောင်ဂျွန်းကီ ပါ ရင်တော် အားလုံး အိုကေဘဲ မလား?

Source: koreaboo

Anna 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။