ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရန်အောင်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူကတော့ အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးခဲ့သူလေးပဲဖြစ်ပါတယ်။ ရန်အောင်ကတော့ ယခုမှာ ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ၂၁၄၅၅၂၄ကျပ်တိတိကို ဝေဋ္ဌုကျော်ပရဟိတမှာ စုပေါင်းလှူဒါန်းခဲ့ပါတယ်။

Photo Credit: Yan Aung ' s Facebook Acc
Photo Credit: Yan Aung ' s Facebook Acc

ရန်အောင်ကတော့" ချစ်သူ ခင်သူ မြတ်နိူးသူ များခင်ဗျာ...OK$ မှပေးပို့ကာ ရန်အောင်နှင့် သူ့ပရိဿတ်များ/We Love Yan Aung အဖွဲ့က စုပေါင်းလှူဒါန်းကြတဲ့လှူငွေ -၂၁၄၅၅၂၄/ကျပ်တိတိကိုဒီကနေ့ "ဝေဋ္ဌုကျော်ပရဟိတ"မှာလှူဒါန်းဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါတယ်ခင်ဗျာ...ခုချိန်မှာ အလွန်လိုအပ်နေတဲ့ PPEဝတ်စုံများနှင့်အခြားကာကွယ်ရေးပစ္စည်းများဝယ်ယူရန်အရေးတကြီးလိုအပ်တဲ့အတွက်လှူဒါန်းချင်းဖြစ်ပါတယ် "ဆိုပြီး ရေးသားထားပါတယ်။

Photo Credit: Yan Aung ' s Facebook Acc
Photo Credit: Yan Aung ' s Facebook Acc

ရန်အောင်ကတော့" ယနေ့ကောင်းမှုအစုစုတို့ကို ၃၁ဘုံကျင်လည်ကုန်သောလူ နတ် ဗြမ္မာ သတ္တဝါအပေါင်းမရမရှိ ရရှိပြီးအန္တရာယ်အမျိုးမျိုး မှလွတ်ကင်းပါစေ..ကပ်ရောဂါအမျိုးမျိုးမှ ကင်းဝေးပါစေ..ရန်သူမျိုးငါးပါးမှကင်းလွတ်ကျော်လွှားနိူင်ကြပါစေဗျာ......အမျှ..အမျှ..အမျှ...ယူကြပါကုန်ဗျာ." ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရန်အောင်ရဲ့ အလှူအတန်းတွေပြုလုပ်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်မျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

SOURCE : Yan Aung ' s Facebook Acc

Photo Credit: Yan Aung ' s Facebook Acc
Photo Credit: Yan Aung ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။