Photo credit - Adroit Esports facebook page

Adroit Esports dota 2 team ကတော့ offlaner Bok အသင်းကနေ ထွက်ခွာသွားပြီးထဲက သူတို့ရဲ့ offlaner နေရာမှာ တည်ငြိမ်မှု မရှိတော့ဘဲ ခနခနအပြောင်းအလဲ လုပ်နေရပါတယ်။

Adroit အနေနဲ့ Bok ထွက်ခွာအပြီးမှာ ပထမဆုံးအနေနဲ့ Bensoy ကို ခေါ်ယူအစားထိုးခဲ့ပြီး အစပိုင်းတော့ အဆင်ပြေသလိုရှိပေမယ့် နောက်ပိုင်းမှာ အဆင်မပြေခဲ့ပါဘူး။

ဒါ့ကြောင့် Bensoy အနေနဲ့လည်း သုံးလလောက်ကစားအပြီးမှာပဲ Adroit ကနေထွက်ခွာသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Adroit ဟာ free agents ဖြစ်နေတဲ့ ကိုရီးယားနိုင်ငံသား Forev ကို stand-in အဖြစ်နဲ့ ခေါ်ယူခဲ့ပေမယ့်လည်း Forev ဟာ အသင်းမှာ 7 ရက်သာနေပြီးနောက် ထွက်ခွာသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Adroit ဟာ raise များတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုပြုလုပ်ပီး 032 ရဲ့ mid player "Nikko" ကို အသင်းရဲ့ offlaner အဖြစ်ခေါ်ယူခဲ့ပါတယ်။

ဒါ့ကြောင့် Adroit ရဲ့ လက်ရှိ dota 2 roster အပြည့်အစုံကတော့

Po 1- Tino

Po 2- Mac

Po 3- Nikko

Po 4- Bombacs

Po 5- cml

တို့ပဲဖြစ်ပါတယ်။

Source- Adroit Esports facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။