ပရိသတ်ကြီးရေ.. ချစ်စရာကောင်းလွန်းပြီး လည်လွန်းတတ်လွန်းလို့ ပရိသတ်တွေအားလုံးက တစ်ခဲနက်ချစ်ခင်အားပေးကြတဲ့ ထိပ်ထားလေးကိုတော့ ပရိသတ်တွေမချစ်ဘဲ မနေနိုင်အောင် အချစ်ပိုကြမှာပါနော်..။

အရွယ်လေးနဲ့ မမျှအောင်ကို သရုပ်ဆောင်ကောင်းပြီး အသက်ငယ်ငါ်လေးနဲ့ ကြော်ငြာမင်းသမီးလေးဖြစ်လာတဲ့ ထိပ်ထားကတော့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်တွေလည်း ရိုက်ကူးထားသူပါနော်..။

Photo Credit - ထိပ်ထားသခင်'s Fb Page
Photo Credit - ထိပ်ထားသခင်'s Fb Page

တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပရိသတ်တွေကို အချစ်ပိုစေပြီး အခုတစ်ခါမှာလည်း သူမရဲ့မေးခွန်းအလွဲလေးတွေကြောင့် ပရိသတ်တွေလည်း သဘော ခွီနေရဦးမှာပါနော်..။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကိုဗစ်တိုက်ဖျက်ရေးအတွက် Paradiso ရုပ်ရှင်ရုံတွေကို လှူဒါန်းလိုက်တဲ့ ဦးလွင်မိုးရဲ့ အကြောင်းလေးကို မေးနေတာဖြစ်ပြီး ပါရာဒီဆိုရုပ်ရှင်ရုံတွေကို ပါရာစီတမောနဲ့ မှားပြောနေတဲ့ ထိပ်ထားလေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Lwin Moe's Fb Account
Photo Credit - ထိပ်ထားသခင်'s Fb Page

"သိပါဘူး ထိပ်ထားက ပါရာစီတမောထင်လို့.." ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ထိပ်ထားလေးရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ထိပ်ထားလေးရဲ့ မေးခွန်းလေးကြောင့် မေမေလည်း အူတက်အောင်ရယ်နေရပြီး ချစ်ပရိသတ်တွေကိုလည်း အပျော်လေးတွေ မျှဝေထားတာမို့ အားလုံးလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - ထိပ်ထားသခင်'s Fb Page
Photo Credit - ထိပ်ထားသခင်'s Fb Page

Source & Photo Credit - ထိပ်ထားသခင်'s Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။