သရုပ်ဆောင်လောကမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့အတူ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူကတော့ အကယ်ဒမီ နေတိုးပဲဖြစ်ပါတယ်။ နေတိုးဟာ ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သလို သီချင်းဆိုရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတတ်တဲ့ စွယ်စုံရ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။

Photo Credit - Nay Toe fb page
Photo Credit - Nay Toe fb page

လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာလည်း လိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေ ရပ်နားထားခဲ့ရပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင်လည်း နေ့စဥ်အမျှ လှုပ်ရှားမှုတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာတော့ နေတိုးက ပရိသတ်တွေ ချစ်အားပိုအောင် အိမ်မှာနေရင်းရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nay Toe fb page
Photo Credit - Nay Toe fb page

ဒီပုံလေးတွေထဲမှာတော့ နေတိုးက သူ့ရဲ့ ချစ်စရာကောင်းတဲ့ ခွေးလေးတွေနဲ့အတူ ဆော့ကစားပြီး အမှတ်တရရိုက်ထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့ လည်း နေတိုးက " YouTube live ထဲမှ ဂျစ်တူး နဲ့ ဖြူ​ဖွေး တို့ပါတဲ့ပုံ​တွေနဲ့အတူပရိသတ်များအတွက်အမှတ်တရပါ..ပရိသတ်များလဲဒီpost​အောက်မှာ photo commentများနဲ့အမှတ်တရဖြစ်​စေလိုပါတယ်ပရိသတ်များအားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ရောဂါကင်း​ဝေးကြပါ​စေ..​နေတိုး" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ အသည်းယားစရာ ခွေးလေးတွေနဲ့ ဓာတ်ထားတဲ့ နေတိုးရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nay Toe fb page
Photo Credit - Nay Toe fb page

Photo Credit - Nay Toe fb page

Source - Nay Toe fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။