မက်ဆီကို နိုင်ငံသား နပန်းသမားတစ်ဦးဖြစ်တဲ့ Principe Aereo ကတော့ သေဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Principe Aereo ဟာ ပြီးခဲ့တဲ့ စနေနေ့က Mexico City မှာ ပြုလုပ်ခဲ့တဲ့ နပန်းပွဲမှာ ထိုးသတ်နေရင်း အမှတ်မထင် အသက်သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo from google

Principe Aereo သေဆုံးခဲ့ပုံကတော့ သူဟာ နပန်းပွဲမှာ ထိုးသတ်နေစဥ် ပြိုင်ဘက်ရဲ့ ရင်ဘတ်ကို တိုက်ခိုက်မှုကို ခံရပြီး ကြိုးဝိုင်းအတွင်းမှာပဲ လဲကျသွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒိုင်လူကြီးဟာ ကြိုးဝိုင်းအပြင်ဘက်က အဖွဲ့သားတွေကို အော်ဟစ် အကူအညီတောင်းခဲ့ပီး Principe Aereo ကို ဆေးရုံ ပို့ဆောင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

Photo from google

သို့ပေမယ့် Principe Aereo ဟာ ဆေးရုံကိုရောက်ခဲ့ပေမယ့်လည်း heart attck ကြောင့် ကံကုန်ပီး အသက် ဆုံးပါးသွားခဲ့ပါတယ်။

Principe Aereo ဟာအခုမှ အသက် 26 နှစ်အရွယ်သာရှိသေးပြီး အနာဂတ်တွေတောက်ပနေတဲ့ လူငယ်တစ်ဦးဖြစ်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာကြီးက စိတ်မကောင်းစရာပါပဲ။

ပရိသတ်တွေ ကြည့်ရှုနိုင်စေဖို့အတွက် Principe Aereo ကြိုးဝိုင်းအတွင်း လဲကျသွားတဲ့ ဗီဒီယိုလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Photo from google

Source; Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။