ပရိသတ်ကြီးရေ...အနုပညာလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ အဆိုတော် မီးမီးခဲကတော့ ကင်ဆာရောဂါနဲ့ မကြာသေးတဲ့အချိန် ရက်အနည်းငယ်လောက်ကမှ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာ ညီအစ်ကို မောင်နှမများကလည်း သူရဲ့ မိသားစုများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲနေတာဖြစ်ပြီး သူတို့ရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ နှမျှော ဝမ်းနည်းရကြောင်း ရေးသားထားတာတွေကိုလည်း တွေ့ရပါတယ်။

Photo credit - Hsu Myat Noe's Facebook Account
Photo credit - Hsu Myat Noe's Facebook Account

ဝမ်းနည်းနေကြသူတွေအများအပြားထဲကမှ သရုပ်ဆောင် မင်းသမီး ဆုမြတ်နိုးဦးကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ဆုမြတ်နိုးဦးက မမီးမီးခဲ သေဆုံးမှုနဲ့ ပတ်သတ်လို့ သူရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ " မမီးမီးခဲက မြတ်နိုးကို fb မှာလာ add အက်ထားတာကိုလုံးဝမသိလိုက်ဘူး အခုသူဆုံးတော့ စိတ်မကောင်းလို့သူ့ acc ဝင်ကြည့်ရင်းနဲ့မှ သူ add ထားတာသိလိုက်ရတယ် အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်အစ်မရယ် " ဆိုပြီး ရေးသားထားတာပါ။ 

Photo credit - Hsu Myat Noe's Facebook Account
Photo credit - Hsu Myat Noe's Facebook Account

ဒါ့အပြင် နိုင်ငံကျော် အဆိုတော် မီးမီးခဲရဲ့ ဖေ့ဘွတ်အကောင့် ပုံလေးကိုလည်း တင်ပေးလာပါသေးတယ်။ ချစ်ပရိသတ်တွေ သိရှိစေနိုင်ရန်အတွက် ဆုမြတ်နိုးဦးရဲ့ စာသားလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ... ပရိသတ်တွေကလည်း စာသားလေးတွေနဲ့ ပုံလေးကို ကြည့်ပြီး Commentမှာ အကြံပြုချက်လေးတွေ ရေးသားမျှဝေခဲ့ပါအုန်းနော်.....။

Photo credit - Hsu Myat Noe's Facebook Account
Photo credit - Hsu Myat Noe's Facebook Account

Source & Photo credit - Hsu Myat Noe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။