ချစ်ပရိသတ်ကြီးရေ...သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ အကယ်ဒမီရွှေကြိုပွဲကတစ်ဆင့် လူသိများအောင်မြင်ခဲ့ပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ပါဝင်ရိုက်ကူးလျက်ရှိနေပြီး Music video တွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာကို တွေ့ရပါတယ်နော်။

Photo credit - Saung Yoon San's Facebook Account

ဒါ့အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း ပါဝင်ကူညီပေးလေ့ရှိတဲ့ သူမကို ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပါ။ ရိုးရိုးယဥ်ယဥ်ဖက်ရှင်တွေကိုသာ အများအားဖြင့် ဝတ်ဆင်လျှက်ရှိတဲ့ ဆောင်းယွန်းက မကြာခဏဆိုသလို လှုပ်ရှားမှုပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားမျှဝေပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Stay home ကာလမှာလည်း အပျင်းပြေ Tiktok ဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိသူပါ။

Photo credit - Saung Yoon San's Facebook Account
Photo credit - Saung Yoon San's Facebook Account

ယနေ့မှာလည်း ဆောင်းယွန်းက ကြည့်မိသူပရိသတ်တိုင်း ရယ်မောသွားရလောက်အောင် အထာကျကျဆော့ကစားထားတဲ့ TIKTOK ဗီဒီယိုလေးကို ဝေမျှလာတာပါ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း တစ်နေ့တာရဲ့ ဘဝအမောတွေပြေပျောက်စေဖို့အတွက် မင်းသမီးချောလေး ဆောင်းယွန်းရဲ့ အခွီ Tiktok လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်......။

Photo credit - Saung Yoon San's Facebook Account

Source & Photo credit - Saung Yoon San's Facebook Account 

@saungyoonsan

Lol

hahahahahaha - kalyan sunuwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။