မင်းသမီးချောလေး သွန်းဆက်ဟာ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သူမ ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ် အကောင်းဆုံးနဲ့အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မင်းသမီးချောလေး သွန်းဆက် ကတော့ ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကို ပိုင်ဆိုင်ထားသလို ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုနေတာဖြစ်ပါတယ်။

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

ပုရိသတွေ ရင်ဖိုသွားစေလောက်တဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှတွေနဲ့ ညှို့အားပြင်းလွန်းတဲ့ အကြည့်တွေကို ပိုင်ဆိုင်ထားတဲ့ သွန်းဆက်က ပရိသတ်ချစ်မေတ္တာကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် သွန်းဆက်က မကြာခဏဆိုသလို ရယ်မောပျော်ရွှင်စရာကောင်းတဲ့ tiktokဗီဒီယိုလေးကို ချပြလေ့ရှိပါတယ်။ ယခုတစ်ခါတော့ သွန်းဆက် က မြင်သူတိုင်း ချစ်အားပိုစေမယ့် ပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

ဖရဲသီးစိတ်လေးကို ကိုင်ကာ ချစ်စရာဟန်ပန်လေးတွေနဲ့ ပိုစ့်ပေးထားတာပဲ ဖြစ်ပါတယ်။ ခါတိုင်းနဲ့မတူပဲ အသည်းယားစရာကောင်းလွန်းနေတဲ့ သွန်းဆက်ရဲ့ ပုံလေးတွေအပြင် " ဖရဲသီး ချိုချို အေးအေး လေးကို ကိုယ်တိုင်ခွံ့ကျွေးမယ်နော် စားမလား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ....ချစ်ရတဲ့ ပရိသတ်ကြီးကလည်း မင်းသမီးချောလေး သွန်းဆက်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်.... ။

Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account
Photo credit - Thun Sett's FB account

Source & Photo credit - Thun Sett's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။