ချစ်ပရိသတ်ကြီးရေ ယနေ့ အောက်တိုဘာလ ၂၁ရက်နေ့ကတော့ အနုပညာသမားကြီး ဦးရန်ပိုင်စိုး ကွယ်လွန်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဦးရန်ပိုင်စိုး ကွယ်လွန်သွားရလို့ နှမျော ဝမ်းနည်းကြသူတွေများထဲမှ သရုပ်ဆောင် ဦးညောင်ညောင်လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ဦးညောင်ညောင်က သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " Hello ကိုတာတူရေ ဆိုပျော်သတင်းကျွတ် အထူးအစီစဉ်က အောက်တိုဘာ၆ရက်နေဆိုတာ ခင်ဗျာ စီကိုရုံးက ဖုန်းဆက်လား. 

Photo credit - Nyi Nyi Hlaing's fb account
Photo credit - Nyi Nyi Hlaing's fb account

ခင်ဗျာနဲ့ကျွန်တော်နဲ့သတင်းကျွတ်ဆိုပျော်အထူးအစီစဉ်ကလဲ ၈နှစ် ၉နှစ် လောက်ဆိုတော့ အဝတ်စားအရောင်တွေကလဲ ထက်နေပြီ အဝါရောင်လေးပဲ ပြန်ဝတ်ကြရအောင်ဗျာ ခင်ဗျာပြောတဲ့အတိုင်းဆို အကိုကြီး "ကိုတင်လှိုင်"က အတော်ဆိုးတာပဲဗျ ထော်လီကွေ့လိုအရက်ဆိုင်မျိုးမှာ ဝက်ခြေတောက်စွပ်ပြုတ်အိုးထဲကို စီးလာတဲ့ ကတိပါဖိနပ်ကြီး ပြစ်ထည့်ပြီ အဲ့ဒါတင်လှိုင်ပဲ ဘယ်ကောင်ဘာဖြစ်ချင်လဲပြောလိုက်တဲ့အခါ လာရစ်တဲ့လူတွေကို နယ်ခံလူမိုက်တွေက နရင်းအုပ်ပြီအပြင်ဆွဲထုပ်သွားပေးရတယ်ဆိုတော့ အကိုကြီး ကိုတင်လှိုင်ကိုအတော်ချစ်ကြတာပဲ " အော်" ...ဂေါ်စလွန် ဂေါ်စလွန်ဂွန်တဲ့လား ဟာ ကိုဆွေနွယ်ကြီးကလဲဗျာ သူအိပ်က ကလေးတွေ ထန်းလျှက်ခဲနဲ့ ထမင်းစားနေတာ 

Photo credit - Nyi Nyi Hlaing's fb account

ခင်ဗျာက မြင်လို့အတိနေ့မှာ သီချင်းတစ်ပုဒ်ကို ၂၀နဲ့ ၅ပုဒ်ရေးလို့ရခဲ့တဲ့ ပိုက်ဆံ၁၀၀ကို အာစရိရယ် ဒီပိုက်ဆံအိမ်ပြန်ပေးဖို့ ကျွန်တော်သိန်းထားပေးပရစေ..လို့ ခင်ဗျာပြောနေတဲ့ကြာတဲ့က ပိုက်ဆံ၈၀ကို အရက်ဆိုင်မှာကုန်အောင်သုံး အိမ်ပြန်ရောက်တော့ တံခါးဖွင့်ပေးတဲ့ မိန်းမရဲ့မျက်နာကို ကျန်တဲ့၂၀နဲ့ပေါက်ပြီ "ငွေမက်တဲ့မိန်းမ" လိုပြောပြီး မျက်နှာကို ပိုက်ဆံနဲ့ပေါက်တယ် ဟာ..ကိုဆွေနွယ်ကြီးက လူဆိုးကြီးဗျာ...ကိုရန်ပိုင်စိုးရဲ့ ခင်ဗျာပြောသလိုဆိုရင်... "ဇရာ" ဘဘ ဗိုလ်ကလေးတင့်အောင် ကအကိုကြီး ကိုတင်လှိုင်အတွက် စားသာရေးပေးခဲ့ပြီ သံဇဉ်ကို ချိုတေးစက် ဦးအောင်ကိုးကို သံဇဉ်ထဲ့ခိုင်းခဲ့တာပေါ့.. ဦးအောင်ကိုးက ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ စာသားကို တစ်လုံးတောင်မပြင်ပဲ သံစဉ်ထဲ့ပေးခဲ့တယ်ဆိုတာ ခင်ဗျာပြောမှပဲသိတယ် ကိုတာတူးရယ်ခင်ဗျာခေါ်သွားတဲ့ ကလေးတွေ ပြန်ဆိုပြတဲ့ "စိမ်းလဲ့ညို" တဲ့သူသီချင်းကို ချိုတေးဆက် ဦးအောင်ကိုးက ကဘောင်းဆေးကလက်ကိုခဲ မျက်ရည်ဝဲပြီးတော့ ညောင်တုန်းသားကြီးက ပြန်နားထောင်တယ်ဆိုတာ ခင်ဗျာပြောမှပဲ ပြန်ကြားရတော့တယ် ကိုရန်ပိုင်စိုးရယ် ဒီနေ့ ဆိုပျော်ရိုက်ကူးရေးအပြီမှာ မသောက်တက်မစားတက်တဲ့ ခင်ဗျာက ကျွန်တော်နဲ့အဖော်လုပ်ပြီလိုက်ထိုင်ပေးတာ ကျေးဇူးပါဗျာ အဲ့ဒီတော့ ကျွန်တော့သမီးမင်္ဂလာဆောင်အတွက် ခန်းနာမှူး လုပ်ဖို့ ခင်ဗျာပဲ တာဝန်ယူပေးပါဗျာ ဟာ လက်ဖွဲ့နေနဲ့တော့ မလုပ်ပါနဲ့ဗျာ ယူသင့်ယူထိုက်တာယူပါ Hello ကိုရန်ပိုင်စိုးလာ မောင်သီ ဖုန်းဆက်တယ် ခင်ဗျာလဲ ပုပ္ပါးဇာတ်လမ်းတွဲမှာပါတယ်ဆို... လိုက်ခဲ့ပါလာဗျာ ခင်ဗျာမလိုက်နိုင်ဘူးလို့ မောင်သီ ကပြောနေလို့ လိုက်ဖြစ်အောင်လိုက်ခဲ့ပါဗျာ ခုတော့ ခင်ဗျာနဲ့ကျွန်တော် စကားတွေလဲမပြောရတော့ဘူး နှားထောင်ချင်တဲ့ ဂီတနဲ့ပက်သက်တဲ့ အဖြစ်ပျက်တွေလဲ မကြားရတော့ဘူး.သေချာတာတစ်ခုကတော့. ခင်ဗျာ စီကို ကျွန်တော်တစ်နေ့တော့လိုက်လာရအုံးမှာပါ ဒါပါပဲဗျာ" ဆိုပြီး ရေးသားထားတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Nyi Nyi Hlaing's fb account
Photo credit - Nyi Nyi Hlaing's fb account

Source & Photo credit - Nyi Nyi Hlaing's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။