ရွှေအိမ်စည်ကတော့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့အတူ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အလှမယ်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့အားပေးမှုကို စတင်ရရှိခဲ့တဲ့ ရွှေအိမ်စည်က နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ အိမ်စည်က ဝါရင့် အနုပညာရှင်တွေနဲ့အတူ သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

Photo credit - Shwe Eain Si's FB account

သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့အိမ်စည်က နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ ရွှေအိမ်စည်ကတော့ အသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးမှုကိုလည်း အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ ဖြူဝင်းဥပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားတွေနဲ့ ညို့ယူဖမ်းစားထားပြန်တဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo credit - Shwe Eain Si's FB account

အားကစားဝတ်စုံလေးနဲ့ သွယ်လျကျစ်လစ်တဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကို ပိုမိုပေါ်လွင်စေပြီး အမိုက်စားပိုစ့်ပေးဓါတ်ဖမ်းထားတာပါ။ မျက်နှာထက်မှာလည်း ဘာမှမလိမ်းခြယ်ထားပဲ သဘာဝအလှတွေနဲ့ ဆွဲဆောင်မှုပိုလွန်းနေတဲ့ အိမ်စည်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ အိမ်စည်ရဲ့ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်..... ။

Photo credit - Shwe Eain Si's FB account
Photo credit - Shwe Eain Si's FB account

Source & Photo credit - Shwe Eain Si's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။