ပရိသတ်ကြီးရေ... သရုပ်ဆောင် ခါရာကတော့ ရင်ခုန်သံ ၇၄ရက် ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးခဲ့တာဖြစ်လို့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ ဒါ့အပြင် ကိုရီးယားမင်းသားတစ်ယောက်လို ဖြူဝင်းတဲ့ အသားအရည်နဲ့ ခန့်ညားမှုတို့ကြောင့် နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးဝန်းရံနေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Khar Ra's FB page
Photo credit - Khar Ra's FB page

ခါရာကတော့ အောက်တိုဘာလ ၂၁ရက်နေ့ကတော့ သူရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် အလှူတွေပြုလုပ်ရင်း ဖြတ်သန်းခဲ့ကြောင့်း လူမှုကွန်ယက်ထက်မှာ ရေးသားလာတာပါ။ ခါရာက " Kharreans တို့နဲ့ ကျွန်တော်ရဲ့မွေးနေ့အလှူတစ်ခု ဖြစ်မြောက်ခဲ့ပြီ ဒီအချိန်ကာလမှာ လူစုလူဝေးဖြစ်မှာစိုးတဲ့အတွက် ရိုက်ကူးရေးအဖွဲ့သားများနဲ့ အခြားလိုအပ်နေတဲ့သူများ စုစုပေါင်းအိမ်ထောင်စု (၃၀၀) ထံ ကားနဲ့ပဲ Random လိုက်လံလှုဒါန်းဖြစ်ခဲ့ပါတယ် ။

Photo credit - Khar Ra's FB page
Photo credit - Khar Ra's FB page

ဒီနေ့မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ Khar Ra Mailbox ကနေရော၊ Social Media တွေကနေရော ဖုန်းနဲ့ရောအခုလို တကူးတကဆုတောင်းပေးကြတဲ့ ကျွန်တော့်ရဲ့ Kharreans တို့အတွက် ဒီနေ့ညနေ (၅) နာရီမှာ အမှတ်တရအစီအစဥ်လေးတစ်ခု စီစဥ်ထားပါတယ် Page မှာ ဆက်ဆက်စောင့်ကြည့်ပေးပါဦးနော် " ဆိုပြီး ကြည်နှုးစရာကောင်းလောက်အောင် ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်...... ။

Photo credit - Khar Ra's FB page
Photo credit - Khar Ra's FB page

Source & Photo credit - Khar Ra's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။