မင်းသမီးချောလေး ခြူးလေးကတော့ သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့နှလုံးသားထဲမှာ နေရာယူထားနိုင်တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေရိုက်ကူးရင်း လူသိများအောင်မြင်လာခဲ့တဲ့ ခြူးလေးက သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်စွာ သရုပ်ဆောင်တတ်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ခြူးလေးက အချိန်ခဏလေးအတွင်းမှာတင် အကြီးအကျယ်အောင်မြင်မှုရရှိလာခဲ့သူဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

Photo credit - Chue Lay's FB page
Photo credit - Chue Lay's FB page

ခြူးလေးက လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတဲ့အပြင် ကြော်ငြာနဲ့ Photo Shooting လေးတွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ခြူးလေးက သူမရဲ့အားလပ်ချိန်တွေမှာ Tik Tok ဆော့ကစားပြီး အပန်းဖြေလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက "ဒီရင်ခွင် ခိုသ၍တော့ မလုံခြုံမှာ မပူနဲ့ တော့ ရင်ခုန်စွာ လှမ်းကြိုနေမှာ ဒီရင်ခွင် ခိုဝင်လှည့်ပါ " ဆိုပြီး ရင်ခုန်စရာပုံရိပ်အလန်းလေးတွေကို တင်ပေးလာတာပါ။

Photo credit - Chue Lay's FB page

နေကာမျက်မှန်လေးနဲ့ ပုဝါလေးကိုခြုံကာ ပိုစ့်ပေးထားတဲ့ ခြူးလေးရဲ့ ပုံလေးတွေက ကြည့်မိသူတိုင်းကို အချစ်ပိုစေတာပါနော်။ ဒါကြောင့်လည်း ချစ်ပရိသတ်တွေ ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ကဲ...ချစ်ပရိသတ်တွေက မင်းသမီးချောလေး ခြူးလေးရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...... ။

Photo credit - Chue Lay's FB page

Source & Photo credit - Chue Lay's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။