ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားကြီး ဦးခင်လှိုင်ကတော့ ပြိုင်ဖက်ကင်းတဲ့ အနုပညာအရည်အချင်းတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားသူပါနော်။ သူရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ သမီးချောလေး သဇင်ထူးမြင့်ကို အကယ်ဒမီမယ်အဖြစ် အနုပညာလမ်းကြောင်းထက်မှာ စတင်လျှောက်လှမ်းစေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သဇင်ထူးမြင့်က နောက်ပိုင်းမှာလည်း Music video တွေနဲ့ ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာကို တွေ့ရပါတယ် ။ 

Photo credit - Thazin Htoo Myint's Facebook Account

ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ သဇင်ထူးမြင့်က မိဘအပေါ်သိတတ်လိမ္မာတဲ့ သမီးလေးလည်း ဖြစ်ပါတယ်။ အမြဲလိုလို ရိုးရိုးယဥ်ယဥ်ဖက်ရှင်တွေကိုသာ ရွေးချယ်ဝတ်ဆင်တတ်ပြီး အပြောအဆို ယဥ်ကျေးတဲ့ သူမကို လူကြီး လူငယ်မရွေး အားပေးချစ်ခင်နေကြတာပါ။ ယခုမှာတော့ သဇင်ထူး​မြင့်က ခါတိုင်းနဲ့မတူတဲ့ Makeup lookလေးနဲ့ အထာကျကျမိမိုက်နေတာပါ။

Photo credit - Thazin Htoo Myint's Facebook Account

ညှို့အားပြင်းလွန်းတဲ့ အကြည့်စူးစူးတွေနဲ့ ဆွဲဆောင်မှုရှိလွန်းနေတဲ့ သဇင်ထူးမြင့်က သူမရဲ့ ပုံရိပ်အလန်းလေးတွေအပြင် " အစားထိုးလို့ရတာပေါ့ ‘လူ’ ချင်းပဲလေ ဘာကွာလဲ သိလား တန်ဖိုး " ဆိုတဲ့ လေးလေးနက်နက် စာသားလေးကိုလည်း ရေးသားထားတာပါ။ ကဲ...ချစ်ပရိသတ်ကြီးအတွက် တက်သစ်စ မင်းသမီးချောလေး သဇင်ထူးမြင့်ရဲ့ ပုံလေးတွေကို ကြည့်ရှုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....။  

Photo credit - Thazin Htoo Myint's Facebook Account

Source & Photo credit - Thazin Htoo Myint's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။