ချစ်ရတဲ့ ပရိသတ်ကြီးရေ...ဇာတ်ပို့ သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းထက်မှာ ယုံကြည်မှုရှိရှိလျှောက်လှမ်းနေခဲ့ပြီး အောင်မြင်မှုအသင့်အတင့်ရရှိနေတဲ့ သူကတော့ မင်းညီပဲ ဖြစ်ပါတယ်။ သူကတော့ ဆယ်စုနှစ်တစ်ခုကြာ အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်နေသူဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား အတော်များများမှာလည်း ပါဝင်သရုပ်ဆောင်နေတာပါ။

Photo credit - Min Nyi 's FB account
Photo credit - Min Nyi 's FB account

အနုပညာအလုပ်တွေ အားလပ်တဲ့ အချိန်လေးတွေမှာတော့ မိသားစုကို အချိန်ပေးလေ့ရှိတာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးဖြစ်အောင် တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ မင်းသမီးရှုံးလောက်တဲ့ ဇနီးချောလေးအပြင် စကားတက်ပြီး ချစ်မွေးပါတဲ့ သမီးလေး ၃ယောက်နဲ့အတူ နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေးကိုလည်း လူမှုကွန်ယက်ထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo credit - Min Nyi 's FB account
Photo credit - Min Nyi 's FB account

ယနေ့မှာလည်း သမီးလေးရဲ့ သိတတ်မှုကို ပရိသတ်တွေဆီဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။ မင်းညီက " ဖေဖေချောဖို့မီးမီးလိမ်းပေးတာဆိုတော့လည်း ဘာပြောမလဲဗျာ " ဆိုတဲ့ စာသားလေးအပြင် သနပ်ခါးအဖွေးသားနဲ့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo credit - Min Nyi 's FB account
Photo credit - Min Nyi 's FB account

Source & Photo credit - Min Nyi 's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။