ပရိသတ်ကြီးရေ...မြန်မာနိုင်ငံရဲ့ ကိုယ်ခန္ဓာ အချိူးအစားပြေပြစ်ပြီး ကောက်ကြောင်းလှတဲ့ ဆယ်လီမင်းသမီးတွေထဲမှာ သရုပ်ဆောင် ဆုအိမ့်စံကလည်း မပါမဖြစ်ပါနော်။ ဆုဆုကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ အနုပညာလောကထဲမှာ ရပ်တည်လျှောက်လှမ်းခဲ့ပြီး ဖက်ရှင်ကျတဲ့ သူမရဲ့ ပုံစံလေးကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တစ်ခဲနက်ရရှိထားတာပါ။ Music video တွေနဲ့ photo shooting တွေကို လက်ခံရိုက်ကူးလေ့ရှိတဲ့ ဆုဆုက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လေ့ရှိတာကို တွေ့ရပါတယ်။ 

Photo credit - Hsu Eaint San's Facebook Account
Photo credit - Hsu Eaint San's Facebook Account

လက်ရှိမှာလည်း ကြော်ငြာတွေကို မနားတမ်းရိုက်ကူးနေရသူပါ။ သူမ အားလပ်တဲ့ အချိန်လေးတွေမှာတော့ မြင်သူတိုင်းငေးရလောက်တဲ့ ပုံရိပ်အလှလေးတွေကို ဝေမျှလေ့ရှိနေတာပဲ ဖြစ်ပါတယ်။ ယနေ့မှာလည်း ဆုဆုက သူမနဲ့ လိုက်ဖက်ညီပြီး ရိုးယဥ်လှတဲ့ ကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ အစိမ်းရောင် မြန်မာဝတ်စုံလေးနဲ့ ပိုစ့်ပေးထားတဲ့ ပုံလေးတွေကို ဆိုရှယ်မီဒီယာထက်မှာ တင်ပေးလာတာပါ။ 

Photo credit - Hsu Eaint San's Facebook Account

ပရိသတ်တွေ သတိထားမိစေလောက်အောင် အခုနောက်ပိုင်းမှာ မြန်မာဝတ်စုံလေးတွေကိုပဲ ရွေးချယ်ဝတ်ဆင်လေ့ရှိတဲ့ သူမက မိန်းကလေးပရိသတ်တွေရဲ့ အားကျချစ်ခင်မှုကိုလည်း ရရှိထားပါသေးတယ်။ ပြစ်ချက်မရှိလှပလွန်းတဲ့ မင်းသမီးချောလေး ဆုအိမ့်စံရဲ့ ပုံလေးတွေကို ပရိသတ်တွေဆီ ပြန်လည်ဝေမျှပေးလိုက်ပါရစေနော်။ ပုံလေးတွေအပြင် ဆုဆုက " အသဲလေးတို့ အမြဲချစ်ရတဲ့ ဆုဆု ဖြစ်ချင်တယ် " ဆိုပြီး ရေးသားထားတာကြောင့် ပရိသတ်တွေက ချစ်ပေးကြမယ်မလား....။

Photo credit - Hsu Eaint San's Facebook Account
Photo credit - Hsu Eaint San's Facebook Account

Source & Photo credit - Hsu Eaint San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။