ယနေ့ အောက်တိုဘာလ ၂၂ရက်နေ့မှာတော့ ပြည်သူချစ် အနုပညာရှင်တွေဖြစ်တဲ့ သက်မွန်မြင့် ၊ ခင်လေးနွယ် ၊ မိုးပြည့်ပြည့်မောင် ၊ ဖူးစုံ ၊ ဒီဇိုင်နာ မပုံနဲ့ တခြားသော သူငယ်ချင်းတွေ စုပေါင်းပြီး မွန့်မြတ်တဲ့ အလှူဒါနတစ်ခုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးချစ်ခင်ခဲ့ရတဲ့ မင်းသမီးတွေက COVID ကာလမှာ အမှန်တကယ် လိုအပ်နေတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး အတွက် များစွာသော ငွေကြေးတွေနဲ့ တက်နိုင်သလောက် အလှူပြုလိုက်တာပါ။ 

Photo credit - Thet Mon Myint's FB account

သူမတို့ သူငယ်ချင်းတွေလှူဒါန်းထားတဲ့ ဗဟိုအမျိူးသမီးဆေးရုံကြီးမှလည်း ကျေးဇူးတင်ကြောင်းကို " BFF မှ ချစ်သူငယ်ချင်းများ Khin Sandar Myint,Thet Mon Myint , Chin Chin , Khin Lay Nwe , Moe Pyae Pyae Mg,Phu Sone , Ko Phyo, Designermapont (P3,K3,M2)တို့နဲ့အတူ သက်မွန်မြင့် charity မှပူးပေါင်းပြီး ဗဟိုအမျိုးသမီးဆေးရုံကြီး အတွက် COVID ကာလ လိုအပ်ချက်များအတွက် Scrub suit, PPE,Surgical Mask, Googles,Socks တို့ကို Dr သရဖီဝင်းမောင်မှတဆင့် ဆေးရုံအုပ်ကြီးလက်ထဲသို့လှူဒါန်းခဲ့ပါတယ်ရှင့် လှူဒါန်းမှုအစုစု အတွက် အားလုံးထပ်တူထပ်မျှ ကုသိုလ်ဝေငှ ရကြပါစေနော် " ဆိုပြီး ရေးသားထားတာပါ။ 

Photo credit - Thet Mon Myint's FB account
Photo credit - Thet Mon Myint's FB account

သက်မွန်မြင့်ကလည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ " သက်မွန်တို့ BFF က ၁၂ သိန်းရယ် Thet Mon Myint Charity Group က ၅ သိန်းရယ် လှုဒါန်းထားပါတယ်နော် အလှု အမျှပေးဝေပါတယ်ရှင့် " ဆိုပြီး အလှူပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။ ကဲ ... ကြည့်မိသူတိုင်း ဝမ်းသာ ပီတိဖြစ်လောက်အောင် အလှူပြုထားတဲ့ သက်မွန်မြင့်တို့ သူငယ်ချင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Thet Mon Myint's FB account

Source & Photo credit - Thet Mon Myint's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။