ပရိသတ်ကြီးရေ ဖြူဖြူထွေးကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဆယ်လီတစ်​ယောက်ဖြစ်ပြီး ယခုလို Covid ကာလမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသူပါ။ ဒါ့အပြင် သူမ အားလပ်တဲ့အချိန်လေးတွေမှာလည်း ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိနေတာဖြစ်ပြီး ယနေ့မှာလည်း ဖြူဖြူထွေးက ကြည့်မိသူတိုင်း မျက်ရည်ဝဲရလောက်အောင် ကြည်နူးစရာကောင်းတဲ့ အလှူဒါနတွေကို ပြုလုပ်လိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။ 

Photo credit - Phyu Phyu Htwe's facebook Account
Photo credit - Phyu Phyu Htwe's facebook Account

သူမ ရရှိတဲ့ အနုပညာငွေကြေးလေးတွေနဲ့ အမြဲလိုလို မရှိဆင်းရဲသားတွေကို ကိုယ်တိုင်သွားရောက် အလှူပြုလေ့ရှိတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပါ။ ယခုတစ်ခါမှာလည်း Covid ကာလမှာတောင် လမ်းပေါ်ထွက် စီးပွားရှာနေရတဲ့ အခြေခံ လူတန်းစားတွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဖြူဖြူထွေးက ငါးထောင်တန်အုပ်လိုက်ကြီးကို ကိုင်ကာ လမ်းတောက်လျှောက် တွေ့မြင်ရတဲ့ သူတွေကို စေတနာအပြည့်နဲ့ စကားတွေ တရင်းတနှီး​ပြောပြီး အလှူပြုနေခဲ့တာပါ။

Photo credit - Phyu Phyu Htwe's facebook Account
Photo credit - Phyu Phyu Htwe's facebook Account

သူမရဲ့ အလှူလေးကို ကြည့်မိသူပရိသတ်တိုင်း ကြည်နူးပီတိကြောင့် မျက်ရည်ဝဲမိမှာ အသေအချာပါပဲနော်။ ကဲ...မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်။ အနုပညာအလုပ်တွေကိုလည်း အမြဲကြိုးစားပြီး စိတ်ထားကောင်းကာ ရိုးသားပွင့်လင်းတဲ့ ဖြူဖြူထွေးကို ပရိသတ်တွေကလည်း ဆက်လက်အားပေးကြမယ်မလား ။ 

Photo credit - Phyu Phyu Htwe's facebook Account

Source & Photo credit - Phyu Phyu Htwe's facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။