သရုပ်ဆောင် ၊အဆိုတော် ဆန်းသစ်လကတော့ သူမနဲ့တူတဲ့ သမီးချောလေးကို မကြာသေးမီအချိန်ကမှ မွေးဖွားထားတာဖြစ်ပြီး အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာကို တွေ့ရပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူကလည်း အလိုလိုက်ကြင်နာပြီး ဂရုစိုက်တတ်သူဖြစ်တာကြောင့် ဆန်းသစ်လကို မိန်းကလေးပရိသတ်တွေက အားကျ အချစ်ပိုနေတာပါ။ ဆန်းသစ်လကလည်း မိသားစုအတူ ကြည်ကြည်နူးနူးပုံရိပ်ကို ဆိုရှယ်မီဒီယာထက်မှာ မကြာခဏဆိုသလို တင်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

Photo credit - San Thit La's Fb Account
Photo credit - San Thit La's Fb Account

ယနေ့မှာလည်း ဆန်းသစ်လက မျက်နှာထက်မှာ ဝမ်းသာပျော်ရွှင်မှုတွေအပြည့်နဲ့ ပြီးပြည့်စုံတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခွင့်ရလို့ အင်မတန်ကို ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ မိသားစုပုံရိပ်လေးတွေကို တင်ပေးလာရင်း ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့ကိုလည်း ဆုတောင်းစကားလေးရေးပေးထားပါသေးတယ်။ " Happy Birthday a chit ya sone Ko မိန်းမ နဲ့ သမီး​​​လေးအတွက် ခင်ပွန်း​ကောင်း ဖခင်​ကောင်းအဖြစ်ရှိ​ပေးပြီး ချစ်​ပေးဂရုစိုက်​ပေး တာဝန်​​​ကျေပေးလွန်းတဲ့ကို​ 

Photo credit - San Thit La's Fb Account

ကို့ရည်ရွယ်ချက် အိပ်မက်​တွေ အမြန်ဆုံးအ​ကောင်အထည်​ဖော် ​အောင်မြင်ပါ​စေ ကျန်းကျန်းမာမာနဲ့ ကိုချစ်တဲ့ကို့ဝါသနာ​​လေး​​တွေနဲ့အတူ အမြဲ​ပျော်ရွှင်ပါ​စေ မိန်းမနဲ့သမီး​လေးအနားမှာလည်း အမြဲအတူရှိ​ပေးနိုင်ပါ​စေ​နော် အရမ်းချစ်တယ်​ကို​ရေ ဒီနှစ်​အတွက်မွေး​နေ့လက်​ဆောင်​လေးကို​​တော့ ကိုနဲ့​ ​​မွေး​နံရော မွေးရက်​ရောတူတဲ့ ချစ်စရာသမီး​လေးကိုပဲ ​လက်​ဆောင်ပေးလိုက်ပြီ​နော် " ဆိုပြီးဖတ်မိသူတိုင်း ကြည်နူးပီတိဖြစ်ရလောက်အောင် ရေးသားထားတာ​ကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - San Thit La's Fb Account

Source & Photo credit - San Thit La's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။