အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ယခုဘောလုံးအပြောင်းအရွှေ့စျေးကွက်မှာ လိုချင်နေတဲ့ ကစားသမားများခေါ်ယူရာမှာ အဆင်မပြေဖြစ်လျက်ရှိပါတယ်။

မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုအနေဖြင့် ပစ်မှတ်ထားကမ်းလှမ်းနေသော ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ချယ်ဆီးကမာတစ်နှင့် တော့တီဟမ်စပါးက ဒိုင်ယာတို့ကို မိခင်ကလပ်တွေကမရောင်းချလိုတဲ့အတွက် ကွင်းလယ်လူရှာနေရပါတယ်။

ထို့ကြောင့် အသက်၂၁နှစ်အရွယ်ရှိ ဂျာမနီလက်ရွှေးစင်ကစားသမား ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်း၏ကွင်းလယ်လူ ဂျူလီယန်ဝီဂန်ကို မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုအနေဖြင့် ခေါ် ယူရန်စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။