Aurora ဆိုတဲ့သူမကတော့ Mage Hero အမျိုးအစားဖြစ်ပြီး MM, Mage နဲ့ Assassins တွေကို အသာလေး ဖျောက်နိုင်ပါတယ်။ ကိုင်တဲ့သူတော်တော်များများလဲ သိကြမှာပါ... သူမက တစ်ဖက်ရန်သူ Hero ထဲမှာ ထိန်းမရ သိမ်းမရ ဖြစ်နေလောက်အောင် အဓိကကြမ်းတမ်းနေတဲ့ သူကို အဓိက သတ်တဲ့နေရာမှာ အရေးပါသူပါ။ ချုံးပုတ်တွေထဲနေ အဲ့ရန်သူကို ခဲပြီး အပြီးအမြန်ရှင်းနိုင်တာမို့ တခြားကောင်တွေထက် ရှင်းရနှုန်းမြန်ပါတယ်။    

Skill 1 ကတော့ ရေခဲလုံးလေးပစ်လိုက်ပြီး အဲ့ရေခဲလုံးကွဲသွားတဲ့ ဝန်းကျင်အတွင်း Magic Damage ထိစေပါတယ်။ အဲ့အပြင် ရန်သူကို အနည်းဆုံး ၁.၅စက္ကန့်လောက် ၃၀ရာခိုင်နှုန်းနှေးစေပါတယ်။ Skill 2 ကတော့ ရေခဲနဲ့ချုပ်လိုက်တာဖြစ်ပြီး အနည်းဆုံး ၁.၅စက္ကန့်လောက် ၈၀ရာခိုင်နှုန်းလောက်နှေးစေပါတယ်။ သူရဲ့ Skill 1 နဲ့ 2 Magic Damage ထိချက်တွေက မြင့်မားပါတယ်။ Ultimate ကတော့ အပေါ်ကနေ ရေခဲတုံးကြီးကို ပစ်ချလိုက်ကာ အဲ့အဝိုင်းအတွင်း အလယ်တည့်တည့်ထိတဲ့သူက ပိုထိမှာဖြစ်ပြီး ဘေးကသူတွေကတော့ အလယ်ကထက် Magic Damage တစ်ဝက်ပဲထိပါတယ်။    

သူမရဲ့ Passive ကတော့ Skill တွေသုံးလိုက်တဲ့အချိန်တိုင်း ရေခဲစွမ်းအား ၁ခုရရှိမှာဖြစ်ပါတယ်။ ၄ခုရရှိသွားတဲ့ချိန်မှာ Skill သုံးလိုက်မယ်ဆိုရင် အဲ့သူဟာ ၁.၅စက္ကန့် ခဲသွားမှာဖြစ်ပြီး Magic Damage 30 ရာခိုင်နှုန်း အပိုထိမှာဖြစ်ပါတယ်။ အာ့ကြောင့် Battle ဆိုင်နေချိန် ဟိုဘက်က အဓိက ကြမ်းနေတဲ့ Hero ကို Lock ချသတ်နိုင်ရပါမယ်။ Wanwan ကိုဆိုရင်လဲ သူမဟာအေးဆေး Counter ထောက်လို့ရပါတယ်။ Skill 2 နဲ့ချုပ် ရေခဲတုံးကြီး ပစ်ချ Skill 1 သုံးလိုက် အဆင်ပြေပြီ။ အရေးကြီးတာကတော့ ကိုယ့်ဆိမှာ Passive တော့ရှိပါစေ။  

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။