ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ကြည်နူးသာယာတဲ့အချစ်ရးလေးကိုလည်း ပိုင်ဆိုင်ထားကြတဲ့ စုံတွဲလေးကတော့ သရုပ်ဆောင်စည်ဖြိုးနဲ့ ခင်လွှမ်းတို့ စုံတွဲလေးပါပဲ..။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရင်သွေးလေးရရှိနေပြီဆိုတဲ့ သတင်းကောင်းလေးတစ်ခု ပရိသတ်တွေကိုပေးလိုက်ပြီး Surprise ဖြစ်စေကာ ဝမ်းသာစေခဲ့ကြပါတယ်နော်..။

Photo Credit - Si Phyo's Fb Acc
Photo Credit - Si Phyo's Fb Acc

ရင်သွေးလေးရရှိနေပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့အတွက် အားလုံးကလည်း ဂုဏ်ပြုထားကြသလို စည်ဖြိုးတစ်ယာက် သူ့ရဲ့ရင်သွေးလေးအတွက် ဝမ်းသာအားရရင်ခုန်ကာ ကိုယ်တိုင်ဂရုစိုက်ပေးနေပါတယ်နော်.။

ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ ချစ်သူလေးအတွက် မိခင်နဲ့ကလေးအတွက် ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးနေကာ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တာတွေကိုလည်း ကိုယ်တိုင်စုံစမ်းနေတာလည်း တွေ့ရပါတယ်နော်.။

Photo Credit - Si Phyo's Fb Acc
Photo Credit - Si Phyo's Fb Acc

"ကိုယ်ဝန်ဆောင်သောက်တဲ့ နို့ဆိုတာရှိတယ်လား? ဘာအကောင်းဆုံးလဲ အဲ့ဒါဆို.." ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ကိုယ်တိုင်စုံစမ်းမေးမြန်းထားတာပဲ ဖြစ်ပါတယ်နော်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေးတွေနဲ့အတူ အကြံပေးစကားလေးတွေပြောထားကြပါတယ်နော်..။

Photo Credit - Si Phyo's Fb Acc
Photo Credit - Si Phyo's Fb Acc

Source & Photo Credit - Si Phyo's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။