မင်းသမီးချော လှမျိုးသဥ္ဇာနွယ်ကတော့ အခုချိန်အထိ နာမည်တစ်လုံးနဲ့ အောင်မြင်နေတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ တည်ငြိမ်အေးချမ်းပြီး ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ လှမျိုးသဥ္ဇာနွယ်က ကလေးတစ်ယောက်မေမေလည်း ဖြစ်ပါတယ် ။ လှမျိုးသဥ္ဇာနွယ်က အိမ်ထောင်ကျပြီး မိသားစုလေးနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Hla Myo Thinzar Nwe's FB Acc
Photo Credit-Hla Myo Thinzar Nwe's FB Acc
Photo Credit-Hla Myo Thinzar Nwe's FB Acc

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်တဲ့ လှမျိုးသဥ္ဇာနွယ်က အခုလက်ရှိမှာပြသနေတဲ့ "မာယာလှည့်ကွက်" ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ လှမျိုးသဥ္ဇာနွယ်က ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ပိုးထည်တိုက်ကို ဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ် ။ အလုပ်တွေကို မောင်တစ်ထမ်းမယ်တစ်ရွက် ဆောင်ရွက်တတ်တဲ့ လှမျိုးသဥ္ဇာနွယ်တို့ဇနီးမောင်နှံက အောင်မြင်မှုတွေရရှိနေကြတာပဲ ဖြစ်ပါတယ် ။

Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page

အခုလည်း လှမျိုးသဥ္ဇာနွယ်က "ရွှေပိုးတိုက်ပုံကို စတင်တည်ထောင်သူ ရွှေပိုးမောင်နှံဒေါက်တာ အောင်မျိုးသူ (ရောဂါဗေဒ ပါရဂူ )+ မလှမျိုးသဉ္ဇာနွယ် " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ခိုင်မြဲတဲ့လက်တွေနဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူတို့စုံတွဲလေးက ရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်တင့်တယ်နေကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလှမျိုးသဥ္ဇာနွယ်တို့ဇနီးမောင်နှံရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page

Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page
Photo Credit-"ရွှေပိုးတိုက်ပုံ" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။